




Shoon (Cele Daily)

Unicode

နာမည်ကြီးချင်လို့ ဆိုင်ကယ်စတန့်ပြကာ လိုင်းပေါ်တင်ခဲ့သည့် အသက်၂၁နှစ်အရွယ်ကောင်မလေးနှင့် အသက်၁၆နှစ်အရွယ်ကောင်လေး အဖမ်းခံရ

လူသားတိုင်းသည် လူငယ်သဘာဝကို ဖြတ်သန်းလာကြရပြီး လူငယ်တို့၏ စိတ်နေသဘောထားကို သိရှိကြပြီးဖြစ်မှာ သေချာပါတယ်။ငယ်ရွယ်သောအချိန်တို့တွင် လူငယ်တို့ဟာ အရာရာကို သေချာစွာ မစဥ်းစားတတ်သေးဘဲ ဖြစ်ချင်သော ဆန္ဒတစ်ခုတည်းကိုသာ ကြည့်တတ်ကြသည်။

ထို့ကြောင့် တစ်ခါတစ်ရံတွင် လူငယ်များဟာ အမှားများကို ပိုမိုလုပ်တတ်ကြပေသည်။ယခုတွင်လည်း အသက်၂၁နှစ်အရွယ်သာရှိသေးသည့် ကောင်မလေးသည် အသက်၁၆နှစ်အရွယ်ရှိသော ကောင်လေးတစ်ဦးကို တင်ဆောင်ပြီး ဆိုင်ကယ်ကိုမောင်းနှင်ခဲ့သည်။

ဆိုင်ကယ်မောင်းနှင်ရာတွင် လူအများစိတ်ဝင်စားစေရန်အတွက် ဆိုင်ကယ်ကို စတန့်ပြကာ မောင်းနှင်ခဲ့ပါတယ်။ထိုမောင်းနှင်ထားသည့် ဗီဒီယိုလေးကို လိုင်းပေါ်တင်လိုက်ရာ ကြည့်ရှုသူများပြားလာသောကြောင့် ရဲတပ်ဖွဲ့ကလည်း တွေ့ရှိသွားခဲ့သည်။

ထို့ကြောင့် ယာဥ်မဆင်မခြင်မောင်းနှင်မှုနှင့် ကောင်မလေးနှင့် ကောင်လေးတို့ကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ဟုသိရသည်။

Shoon (Cele Daily)

celemmrnew(Cele Daily) မှ ရေးသားတင်ဆက်ပါသည်။

ယခုဆောင်းပါးကို တခြားပေ့ချ်များတွင် ကျေးဇူးပြု၍ ကူးယူဖော်ပြခြင်း မပြုရန် မေတ္တာရပ်ခံအပ်ပါသည်။ဆက်လက် ကူးတင်နေသော ဝက်ဆိုက်နှင့် ပေ့ချ်များကို ဖေ့ဘုတ်ထံသို့ Copyright Claim တင်၍ IA ပျက်သည်အထိ Report လုပ်သွားမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

  • Leave a Comment