Shoon (Cele Daily)
Unicode
ခြေထောက်နှစ်ဖက်လုံး လှုပ်ရှားနိုင်ခြင်းမရှိတော့သည့် ခွေးငယ်လေးကို ဝှီးချဲလေးတပ်ပေးပြီး နေရာတကာ ခေါ်ဆောင်သွားလေ့ရှိသည့် အမျိုးသမီး၏ ကြင်နာဖွယ်လုပ်ရပ်လေး
ကမ္ဘာပေါ်ရှိ လူသားတိုင်းဟာ နေအိမ်များအဖော်များရရှိစေရန်အတွက် တိရိစ္ဆာန်လေးများကို မွေးမြူထားတတ်ကြပေသည်။ထို့ကြောင့် အိမ်မွေးတိရိစ္ဆာန်လေးတို့သည် လူသားများအတွက် ဘဝအစိတ်ပိုင်းတစ်ခုပင်ဖြစ်သည်။
သို့သော် လူသားများကမူ အိမ်မွေးတိရိစ္ဆာန်လေးများအတွက် ဘဝတစ်ခုပင်ဖြစ်သည်။အိမ်မွေးတိရိစ္ဆာန်လေးများကို သေချာစွာဂရုစိုက်ပြီး ပြုစုစောင့်ရှောက်သင့်ပေသည်။စင်္ကာပူနိုင်ငံမှ အမျိုးသမီးကတော့ သူမ၏ခွေးလေးကို ဂရုစိုက်ခြင်းဖြင့် လူသားတို့၏ ကြင်နာမှုကို ပြသခဲ့ပါသည်။
သူမဟာ လှုပ်ရှားသွားလာနိုင်ခြင်းမရှိတော့သည့် ခွေးငယ်လေးကို ဝှီးချဲလေးတပ်ပေးပြီး နေရာစုံကို ခေါ်လည်ပေးခဲ့တာဖြစ်ပါတယ်။ထိုပုံရိပ်လေးများဟာ လူသားအားလုံး၏ စိတ်နှလုံးကို အရည်ပျော်စေခဲ့သည့်အပြင် လူသားတို့ကိုလည်း များစွာ ဂရုဏာသက်စေခဲ့ပါတယ်။
Shoon (Cele Daily)