အသက်၎နှစ်အရွယ် သားငယ်လေး၏ ဆန္ဒလေးကို ဖြည့်ဆည်းပေးရန် နေအိမ်ထက်မြင့်သော နေကြာပင်ကြီးကို စိုက်ပျိုးပေးခဲ့သည့် ဖခင်တစ်ဦး
Shoon (Cele Daily)
Unicode
အသက်၄နှစ်အရွယ် သားငယ်လေး၏ ဆန္ဒလေးကို ဖြည့်ဆည်းပေးရန် နေအိမ်ထက်မြင့်သော နေကြာပင်ကြီးကို စိုက်ပျိုးပေးခဲ့သည့် ဖခင်တစ်ဦး
မိဘတို့ဆိုသည်မှာ သားသမီးတို့အတွက် မျက်နှာငယ်မှု မရှိစေရန် အစစအရာရာဂရုစိုက်ကာ ပြုစုပေးတတ်ကြသည်။အမေရိကန်နိုင်ငံမှ ဖခင်တစ်ဦးသည် အသက်၄နှစ်အရွယ် သားငယ်လေး၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်ပေးခဲ့သည်။
ကလေးငယ်ဟာ သူ၏ဖခင်ကို အိမ်လောက်မြင့်မားသော နေကြာပင်ကြီးကို လိုချင်သည်ဟု တောင်းဆိုခဲ့တာပါ။ထို့ကြောင့် ကောင်လေး၏ဖခင်ဟာ နေကြာမျိုးစေ့ကို ဝယ်ယူပြီး သေချာစွာ စိုက်ပျိုးပြုစု ပျိုးထောင်ပေးခဲ့ပါတယ်။
သူတို့၏ နေအိမ်ဟာ ပေ၂၀အမြှင့်ရှိပြီး ယခုအချိန်တွင် နေကြာပင်လေးဟာ ပေ၂၀နှင့်၆လက်မအထိ ရှိနေခဲ့ပြီဖြစ်ပါတယ်။အကယ်၍နေကြာပင်ကို ကမ္ဘာ့အမြင့်ဆုံးအပင်ဖြစ်စေချင်ပါက အပင်ကို ၂၆ပေကျော်အောင် ပြုစုနိုင်ရမှာဖြစ်ပြီးအမြင့်ဆုံးအဖြစ် မှတ်တမ်းတင်ထားသည်မှာ ၂၆နှင့် မြောက်အမေရိကမှ ဖြစ်သည်ဟုလည်း သိရှိခဲ့ရပါတယ်။
သို့သော်လည်း အမျိုးသားဟာ စံချိန်အတွက် စိုက်ပျိုးခဲ့တာမဟုတ်ဘဲ သားလေးအတွက်သာ စိုက်ပျိုးထားတာလို့ သိရပါတယ်။
Shoon (Cele Daily)
  • Leave a Comment