Shoon (Cele Daily)
Unicode
ချစ်သူမော်ဒယ်လေးအတွက် ပိုက်ဆံများကိုချေးငှားပြီး တန်ဖိုးကြီး အသုံးအဆောင်ပစ္စည်းများနှင့် ကားဝယ်ပေးခဲ့သည့်အမျိုးသား အကြွေးပြန်မဆပ်နိုင်သောကြောင့် ထောင်ချခံရ
ချစ်သူကောင်လေးတိုင်းဟာ ကိုယ်မြတ်နိုးတန်ဖိုးထားရသည့် ချစ်သူကောင်မလေးကို လက်ဆောင်များ ပေးလိုကြပေသည်။အမှန်တကယ်ချစ်မြတ်နိုးသူတို့တွင် လက်ဆောင်တွင် တန်ဖိုးကြီးအရာများသည် အဓိကမကျဘဲ အသိအမှတ်ပြုမှုသည်သာလျှင် အရေးကြီးပေသည်။
တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦးသည် ချစ်သူကောင်မလေးကို လက်ဆောင်ပစ္စည်းများ ဝယ်ယူပေးလိုသောကြောင့် သူများထံမှ ပိုက်ဆံများချေးငှားခဲ့ပါတယ်။
ထို့နောက်တွင် ချစ်သူမော်ဒယ်လေးအတွက် တန်ဖိုးကြီးလှသော ပိုက်ဆံအိတ်များ လက်ဆွဲအိပ်များနှင့် အသုံးအဆောင်ပစ္စည်းများကို ဝယ်ပေးခဲ့ပါတယ်။ထို့အပြင်စျေးကြီးလှသော ကားတစ်စီးကိုလည်း လက်ဆောင်အဖြစ် ဝယ်ယူပေးခဲ့ပါတယ်။
သို့သော် ထိုအမျိုးသားဟာ ပိုက်ဆံအကြွေးများကို ပြန်လည်ပေးဆပ်နိုင်ခြင်းမရှိသည့်အတွက် ရဲတပ်ဖွဲ့ကိုတိုင်ကြားပြီး ဖမ်းဆေိးခြင်းခံခဲ့ရပါတယ်။
ထို့နောက်တွင်တော့ အမျိုးသားဟာ အကြွေးများလုံးဝပြန်မဆပ်နိုင်သည့်အတွက် ထောင်ချအရေးယူခံခဲ့ရပါတယ်။
Shoon (Cele Daily)
  • Leave a Comment