ေဟာင္းႏြမ္းပ်က္စီးကာ စုတ္ျပက္ေနေသာ ေနအိမ္ကေလးတြင္ေနထိုင္ၿပီး ပတ္ဝန္းက်င္ကေပးမွသာ စားေသာက္ေနရသည့္ မ်က္မျမင္အဖိုးအိုကို ေနအိမ္ေဆာက္လုပ္ေပးခဲ့သည့္ဝန္ႀကီး

တစ္ခါတစ္ေလတြင္ ကမာၻေလာက၏ တရားမမွ်တမႈမ်ားအတြက္ မေက်မနပ္ျဖစ္ကာ ေအာ္ဟစ္ေမးျမန္းခ်င္ေနမိသည္။ကမာၻေပၚတြင္ရွိေသာ လူဦးေရ၏ ေလးပုံသုံးခန္႔သည္ ပင္ပန္းဆင္းရဲစြာျဖင့္ လုပ္ကိုင္စားေသာက္ကာ ဘဝက္ိုရွင္သန္ျဖတ္သန္းေနရသည္။

ထိုအထဲတြင္ မေလးရွားႏိုင္ငံမွ အသက္၇၅ႏွစ္အ႐ြယ္ အဖိုးအို၏ ကံၾကမၼာရက္စက္မႈသည္ အလြန္ပင္ ဝမ္းနည္းဖြယ္ေကာင္းလြန္းလွေပသည္။ထိုအဖိုးအိုသည္ စုတ္ျပက္ေနေသာ ေနအိမ္ထဲတြင္ မ်က္မျမင္ဘဝျဖင့္ အသက္ရွင္ကာ ျဖတ္သန္ေနရသည္။

ဘဝရွင္သန္ရန္အတြက္ ပတ္ဝန္းက်င္ကေပးေသာ အစားအေသာက္မ်ားကိုသာ ေစာင့္ေမွ်ာ္ေနခဲ့ရသည္။

ထိုသတင္းကို လူငယ္ႏွင့္ အားကစား ဒတိယဝန္ႀကီးက ၾကားသိသြားၿပီးေနာက္တြင္ သူ၏ ကိုယ္ပိုင္ဝင္ေငြျဖင့္ အဖိုးအိုကို ေနအိမ္အသစ္တစ္လုံးေဆာက္ေပးကာ ျပဳစုေစာင့္ေရွာက္ေပးခဲ့ပါတယ္။သို႔သို႔ေသာ သူတစ္ပါးအေပၚကို ကူညီေစာင့္ေရွာက္တတ္ေသာေစတနာသည္ ေလာကတြင္ အမြန္ျမတ္ဆုံးပင္ျဖစ္ေပသည္။

Shoon (Cele Daily)

Unicode

ဟောင်းနွမ်းပျက်စီးကာ စုတ်ပြက်နေသော နေအိမ်ကလေးတွင်နေထိုင်ပြီး ပတ်ဝန်းကျင်ကပေးမှသာ စားသောက်နေရသည့် မျက်မမြင်အဖိုးအိုကို နေအိမ်ဆောက်လုပ်ပေးခဲ့သည့်ဝန်ကြီး

တစ်ခါတစ်လေတွင် ကမ္ဘာလောက၏ တရားမမျှတမှုများအတွက် မကျေမနပ်ဖြစ်ကာ အော်ဟစ်မေးမြန်းချင်နေမိသည်။ကမ္ဘာပေါ်တွင်ရှိသော လူဦးရေ၏ လေးပုံသုံးခန့်သည် ပင်ပန်းဆင်းရဲစွာဖြင့် လုပ်ကိုင်စားသောက်ကာ ဘဝက်ိုရှင်သန်ဖြတ်သန်းနေရသည်။

ထိုအထဲတွင် မလေးရှားနိုင်ငံမှ အသက်၇၅နှစ်အရွယ် အဖိုးအို၏ ကံကြမ္မာရက်စက်မှုသည် အလွန်ပင် ဝမ်းနည်းဖွယ်ကောင်းလွန်းလှပေသည်။ထိုအဖိုးအိုသည် စုတ်ပြက်နေသော နေအိမ်ထဲတွင် မျက်မမြင်ဘဝဖြင့် အသက်ရှင်ကာ ဖြတ်သန်နေရသည်။

ဘဝရှင်သန်ရန်အတွက် ပတ်ဝန်းကျင်ကပေးသော အစားအသောက်များကိုသာ စောင့်မျှော်နေခဲ့ရသည်။

ထိုသတင်းကို လူငယ်နှင့် အားကစား ဒတိယဝန်ကြီးက ကြားသိသွားပြီးနောက်တွင် သူ၏ ကိုယ်ပိုင်ဝင်ငွေဖြင့် အဖိုးအိုကို နေအိမ်အသစ်တစ်လုံးဆောက်ပေးကာ ပြုစုစောင့်ရှောက်ပေးခဲ့ပါတယ်။သို့သို့သော သူတစ်ပါးအပေါ်ကို ကူညီစောင့်ရှောက်တတ်သောစေတနာသည် လောကတွင် အမွန်မြတ်ဆုံးပင်ဖြစ်ပေသည်။

Shoon (Cele Daily)

  • Leave a Comment