Shoon (Cele Daily)
Unicode
နေအိမ်၏ထပ်ခိုးကို သန့်ရှင်းရေးပြုလုပ်ရာမှ နှစ်ပေါင်းသုံးဆယ်ကြာအောင် ပိတ်ထားသော သေတ္တာလေးကို ဖွင့်ကြည့်ရာ မိဘများ၏ အချစ်သင်္ကေတလေးကို တွေ့ခဲ့ရသည့် အမျိုးသား
ကမ္ဘာပေါ်မှ လူသားတိုင်းဟာ အချစ်ကို ထိတွေ့ခံစားဖူးကြပြီး အမှတ်တရများစွာဟာ ရှိနေတတ်ကြပါတယ်။
အမေရိကန်နိုင်ငံမှ အမျိုးသားတစ်ဦးဟာတော့ သူ၏နေအိမ်လေးကို သန့်ရှင်းရေးပြုလုပ်ရာမှ ထပ်ခိုးပေါ်တွင် သေချာစွာ သိမ်းဆည်းထားသော သေတ္တာလေးတစ်လုံးကို တွေ့ရှိခဲ့ရပါတယ်။ထိုသေတ္တာလေးကို ဖွင့်ကြည့်လိုက်ရာမှာတော့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ ပစ္စည်းလေးတွေကို တွေ့ရှိခဲ့ရပါတယ်။
ထိုသေတ္တာလေးထဲတွင် အမျိုးသား၏ မိခင်ဖြစ်သူက သူ၏ဖခင်နှင့် မင်္ဂလာပွဲလေးတွင် ဂတ်ဆင်ခဲ့သော သတိုးသမီးဝတ်စုံနှင့် သတိုးသားဝတ်စုံပုံစံ အလှပုံးလေးကို တွေ့ရှိခဲ့ရပါတယ်။သေတ္တာလေးက်ု အမျိုးသား၏ ဖခင်ဟာ အမှတ်တရအနေဖြင့် သေချာစွားသိမ်းဆည်းထားသည်ဟု သိရပါတယ်။
ထိုအမျိုးသား၏ ဖခင်ဟာတော့ ကင်ဆာရောဂါနှင့် ကွယ်လွန်သွားခဲ့ပြီဟု သိရှိရပါတယ်။
Shoon (Cele Daily)