Shoon (Cele Daily)
Unicode
ဓာတ်ပုံရိုက်ရသည်ကို အလွန်ကြိုက်သောကြောင့် လမ်းမကြီးအလယ်တွင် ပိတ်ကာ အိပ်နေသည့်နွားကြီးနှင့်အတူ selfileဆွဲကာ ဓာတ်ပုံရိုက်ခဲ့သည့် ခရီးသွား အမျိုးသား
စာဖတ်သူတို့ရဲ့ သူငယ်ချင်းတွေထဲမှာရော ကိစ္စတစ်ခုခုကို ပေါက်ပေါက်ရှာရှာ ပြုလုပ်တတ်သူများလည်း ရှိလိမ့်မည်ဟုထင်မှတ်မိပါတယ်။သို့သော်လည်း သူငယ်ချင်းများနှင့် ခရီးသွားသည့်အခါမျိုးတွင် နောက်နောက်ပြောင်ပြောင်နေတတ်သူရှိလျှင် ခရီးတစ်ခုက ပို၍ပျော်ရွှင်ဖွယ်ကောင်းပေသည်။
ယခုတွင်လည်း တူရကီနိုင်ငံမှ အေဘရာဟင်ဆိုသည့် အမျိုးသားတစ်ဦးသည် သူငယ်ချင်းများနှင့်အတူ မြောက်ပိုင်းဒေသများသို့ ခရီးထွက်ခဲ့ပါတယ်။လမ်းခရီးတစ်ခုတွင် နွားတစ်ကောင်ဟာ လမ်းအလယ်တွင်အိပ်နေသည့်အတွက် ကားပိတ်နေခဲ့ရပါတယ်။
ထိုအခါ အေဘရာဟင်က နွားနှင့်အတူ selfile ဆွဲချင်သည်ဟုဆိုကာ ကားပေါ်မှဆင်းပြီး ဓာတ်ပုံရိုက်နေခဲ့ပါတယ်။သူငယ်ချင်းများဟာလည်း အေဘရာဟင်ကို စနောက်ပြီး ဓာတ်ပုံများပေးခဲ့ကြပါတယ်။သူတို့၏ ဓာတ်ပုံရိုက်နေမှုကြောင့် ကားလမ်းပင် ပိတ်သွားခဲ့ရပြီး အခြားခရီးသွားကားများပင် အတော်ကြာအောင် စောင့်နေပေးခဲ့ရသည်ဟု ဆိုပါတယ်။
Shoon (Cele Daily)