




Shoon (Cele Daily)

Unicode

ကိုယ်ဝန်ရှိနေသည်ကို မသိဘဲ မွေးဖွားတော့မည်အချိန်မှသာလျှင် ကလေးရှိမှန်းသိရှိခဲ့ရသည့် ဆေးရုံမှသူနာပြုဆရာမတစ်ဦး

အင်္ဂလန်နိုင်ငံ ဆန်းဒါးလန်းမြို့မှ အသက်၃၁နှစ်အရွယ် သူနာပြုဆရာမတစ်ဦးဟာ သူတို့၏ နေအိမ်အိပ်ခန်းအတွင်းမှာဘဲ သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပါတယ်။သူနာပြုဆရာမဟာ ကိုယ်ဝန်ရှိနေသည်ကို လုံးဝသတိမထားမိခဲ့ပေ။ကလေးမွေးဖွားသည့်နေ့တွင်ပင် ဆေးရုံတွင် ဂျူတီဆင်းကာ အလုပ်လုပ်ခဲ့သေးသည်။

နေအိမ်သို့ ပြန်ရောက်သောအခါတွင် ဗိုက်နာလာသဖြင့် အစာအိမ်နာသည်ထင်ကာ ဆေးသောက်၍ အေးဆေးနေခဲ့သည်။သို့သော်လည်း ဗိုက်သည် မခံမရပ်နိုင်အောင် အလွန်နာကြင်လာသဖြင့် ခင်ပွန်းအား လူနာတင်ကားခေါ်ရန် ပြောဆိုခဲ့သည်။

လူနာတင်ကားမရောက်မီတွင်ပင် အမျိုးသမီးဟာ အိပ်ရာထဲမှာပင် သမီးလေးတစ်ဦးကို မွေးဖွားခဲ့ပါတော့တယ်။

နောက်ရက်၌ ဆေးရုံသို့ မွေးဖွာ့ခွင့်တင်ပြီး ခွင့်ယူလိုက်သောအခါ လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေမျိုးများအားလုံးပါ အံအားသင့်ခဲ့ကြပါတော့တယ်။

Shoon (Cele Daily)

  • Leave a Comment