ရဲ၏ေနအိမ္သို႔ ဝင္ခိုးစဥ္ အိပ္ခန္းမွာ ေမြ႕ရာ အဲယာကြန္းတို႔ျဖင့္ အလြန္ဇိမ္က်ေသာေၾကာင့္ စမ္းအိပ္ၾကည့္စဥ္ တကယ္အိပ္ေပ်ာ္သြားေသာ သူခိုး

ဘဝကို အသက္ရွင္ေနထိုင္ရန္အတြက္ ျဖတ္လမ္းလိုက္ကာ သူတစ္ပါး၏ ပစၥည္းခိုးယူျခင္းသည္ အလြန္ပင္ စက္ဆုပ္ဖြယ္ေကာင္းလွေသာ လုပ္ရပ္တစ္ခုျဖစ္ေပသည္။သူတစ္ပါး၏ ပစၥည္းကို ခိုးယူရာမွ အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ကာ အဖမ္းခံခဲ့ရေသာ သူခိုးလည္း မ်ားစြာရွိေပသည္။

ထိုင္းႏိုင္ငံမွသူခိုးတစ္ဦးသည္လည္း ပစၥည္းခိုးယူစဥ္ အဖမ္းခံခဲ့ရပုံမွာ အေတာ္ေလးကို ရယ္စရာေကာင္းေနခဲ့ပါတယ္။ထိုသူခိုးဟာ ရဲဝန္ထမ္း၏ေနအိမ္ကိုမွ ပစၥည္းခိုးယူရန္ ဝင္ေရာက္ခဲ့ပါတယ္။အိမ္ထဲသို႔ ေရာက္ေသာအခါ ရဲ၏အိပ္ခန္းထဲသို႔ ဝင္ေရာက္သြားခဲ့ပါတယ္။

အိပ္ခန္းသည္ အဲယားကြန္းလည္းဖြင့္ထားၿပီး ေမြ႕ရာထူထူျဖင့္ အလြန္ဇိမ္က်မည္ဟုထင္ကာ အိပ္ရာေပၚစမ္းအိပ္ၾကည့္ခဲ့ပါတယ္။ကံဆိုးစြားျဖင့္ သူခိုးဟာ မိုးလင္းသည့္အခ်ိန္ထိ အမွန္တကယ္အိပ္ေပ်ာ္သြားခဲ့ပါတယ္။

ရဲဟာထိုေန႔ညက အိပ္ခန္းကို အဲယားကြန္းဖြင့္ခဲ့ၿပီး သမီးျဖစ္သူ၏အခန္းတြင္ သမီးအား ေခ်ာ့သိပ္ရင္းမွ အိပ္ေပ်ာ္သြားခဲ့တာျဖစ္ပါတယ္။မနက္မိုးလင္း၍ အခန္းသို႔ျပန္ရာမွ သူခိုးအိပ္ေနသည္ကို ေတြ႕ရွိခဲ့ေသာေၾကာင့္ သူခိုးအား ဖမ္းဆီးခဲ့ျခင္းျဖစ္ပါတယ္။

Shoon (Cele Daily)

Unicode

ရဲ၏နေအိမ်သို့ ဝင်ခိုးစဥ် အိပ်ခန်းမှာ မွေ့ရာ အဲယာကွန်းတို့ဖြင့် အလွန်ဇိမ်ကျသောကြောင့် စမ်းအိပ်ကြည့်စဥ် တကယ်အိပ်ပျော်သွားသော သူခိုး

ဘဝကို အသက်ရှင်နေထိုင်ရန်အတွက် ဖြတ်လမ်းလိုက်ကာ သူတစ်ပါး၏ ပစ္စည်းခိုးယူခြင်းသည် အလွန်ပင် စက်ဆုပ်ဖွယ်ကောင်းလှသော လုပ်ရပ်တစ်ခုဖြစ်ပေသည်။သူတစ်ပါး၏ ပစ္စည်းကို ခိုးယူရာမှ အလွဲလွဲအချော်ချော်ဖြစ်ကာ အဖမ်းခံခဲ့ရသော သူခိုးလည်း များစွာရှိပေသည်။

ထိုင်းနိုင်ငံမှသူခိုးတစ်ဦးသည်လည်း ပစ္စည်းခိုးယူစဥ် အဖမ်းခံခဲ့ရပုံမှာ အတော်လေးကို ရယ်စရာကောင်းနေခဲ့ပါတယ်။ထိုသူခိုးဟာ ရဲဝန်ထမ်း၏နေအိမ်ကိုမှ ပစ္စည်းခိုးယူရန် ဝင်ရောက်ခဲ့ပါတယ်။အိမ်ထဲသို့ ရောက်သောအခါ ရဲ၏အိပ်ခန်းထဲသို့ ဝင်ရောက်သွားခဲ့ပါတယ်။

အိပ်ခန်းသည် အဲယားကွန်းလည်းဖွင့်ထားပြီး မွေ့ရာထူထူဖြင့် အလွန်ဇိမ်ကျမည်ဟုထင်ကာ အိပ်ရာပေါ်စမ်းအိပ်ကြည့်ခဲ့ပါတယ်။ကံဆိုးစွားဖြင့် သူခိုးဟာ မိုးလင်းသည့်အချိန်ထိ အမှန်တကယ်အိပ်ပျော်သွားခဲ့ပါတယ်။

ရဲဟာထိုနေ့ညက အိပ်ခန်းကို အဲယားကွန်းဖွင့်ခဲ့ပြီး သမီးဖြစ်သူ၏အခန်းတွင် သမီးအား ချော့သိပ်ရင်းမှ အိပ်ပျော်သွားခဲ့တာဖြစ်ပါတယ်။မနက်မိုးလင်း၍ အခန်းသို့ပြန်ရာမှ သူခိုးအိပ်နေသည်ကို တွေ့ရှိခဲ့သောကြောင့် သူခိုးအား ဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment