




Shoon (Cele Daily)

Unicode

သူငယ်ချင်းများအားလုံးကို သတိုးသမီးအရံလုပ်ခိုင်းလိုက်သောအခါ မင်္ဂလာပွဲတွင်ပေါင်းပြီး ဇကာပေါက်ဖိနစ်များကို ဆင်တူစီးကာ ဟာသလုပ် မျက်နှာပြောင်ခဲ့ကြ

မင်္ဂလာလက်ထပ်ပွဲသည်ကာ ချစ်သူစုံတွဲများ၏ ဘဝအစ အတူတူဖြတ်သန်းကြတော့မည့် စမှတ်ကလေးတစ်ခုပင်ဖြစ်ပေသည်။ထို့ကြောင့် ဘဝတွင် တစ်ခါသာကြုံတွေ့ရမည့် မင်္ဂလာပွဲလေးတွင် သူငယ်ချင်းမိတ်ဆွေများနှင့်အတူ ပျော်ရွှင်စွာကျင်းပပြီး အမှတ်တရများဖန်တီးယူတတ်ကြသည်။

ယခုတွင်လည်း အမျိုးသမီးတစ်ဦး၏ မင်္ဂလာပွဲလေးတွင် သူငယ်ချင်းများအားလုံးဟာ သတိုးသမီးအရန်လုပ်ပြီး မင်္ဂလာပွဲလေးကို ဂုဏ်ပြုပေးခဲ့ကြသည်။

ထို့အပြင် မင်္ဂလာပွဲလေးတွင် ပျော်ရွှင်စရာအမှတ်တရများကို ရရှိစေရန်အတွက် သူငယ်ချင်းအားလုံးဟာ ဇကာပေါက်ဖိနပ်များကို ဆင်တူဝတ်ဆင်ပြီး သတိုးသမီးကို စနောက်ခဲ့ကြပါတယ်။

ထိုဟာသလုပ်သည့် ဗီဒီယိုလေးဟာ လိုင်းပေါ်တွင် အလွန်ပျံနှံသွားခဲ့ပြီး ကြည့်ရှုသူ၈သန်းအထိရောက်အောင်နာမည်ကြီးသွားခဲ့ပါတယ်။အချို့သူများကလည်း သတိုးသမီးကို နာမည်ပျက်စေပြီး မစနောက်သင့်ကြောင်း ဆိုထားကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment