မြင်တွေ့ရသူအဖို့ နှလုံးချမ်းမြေ့ဖွယ်ဖြစ်စေသည့် အမျိုးသမီးတစ်ဦး၏ ခွေးကလေးနှစ်ကောင်ကို အစာမစားမှီ ဆုတောင်းမေတ္တာပို့ သင်ကြားပေးနေသည့် ဗီဒီယိုလေး





Shoon (Cele Daily)

Unicode

မြင်တွေ့ရသူအဖို့ နှလုံးချမ်းမြေ့ဖွယ်ဖြစ်စေသည့် အမျိုးသမီးတစ်ဦး၏ ခွေးကလေးနှစ်ကောင်ကို အစာမစားမှီ ဆုတောင်းမေတ္တာပို့ သင်ကြားပေးနေသည့် ဗီီဒီယိုလေး

ကမ္ဘာကြီးပေါ်တွင် လူမျိုးပေါင်းစုံ စုပေါင်းနေထိုင်ကြပြီး ယုံကြည်သက်ဝင်ကိုးကွယ်ကြသည့် ဘာသာလည်း အမျိုးမျိုးကွဲပြားကြပေသည်။ထိုသို့ယုံကြည်ကိုးကွယ်မှုများတွင် ဆုတောင်းမေတ္တာပို့သခြင်း ကောင်းမွန်သောလုပ်ရပ်တစ်ခုဖြစ်ပြီး ကြားရသူအဖို့ ဘဝင်နှလုံးအေးချမ်းစေသည်မှာ အမှန်ပင်ဖြစ်ပါတယ်။

ယခုတွင်လည်း အမျိုးသမီးတစ်ဦးဟာ အစာမစားမီအချိန်တွင် ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးကို မေတ္တာပို့သပြီးမှ စားသောက်သည့်အကျင့်လေးကို ခွေးကလေးများအား သင်ကြားပေးနေခဲ့ပါတယ်။

ထိုသို့မေတ္တာပို့ရွတ်ဖတ်နေသည့်အချိန်တွင် ခွေးကလေးနှစ်ကောင်ဟာ တည်ငြိမ်စွာဖြင့် ထိုင်နေပြီး မေတ္တာပို့ပြီးသည်အထိ စောင့်ဆိုင်းနေခဲ့ပါတယ်။

မေတ္တာပို့သပြီးသွားသည့်နောက်မှသာ ခွေးကလေးနှစ်ကောင်ဟာ အစားများကို စားခဲ့ပါတယ်။ထိုကြည်နူးဖွယ်ပုံရိပ်လေးဟာ လူအများကို သဘောကျနှစ်ခြိုက်စေခဲ့မိပါတယ်။

Shoon (Cele Daily)

  • Leave a Comment