





Shoon (Cele Daily)

Unicode

ဇနီးအသစ်ကလေးနှင့်အတူ ခရီးထွက်ပြီး အတူတူပျော်ပါးရန်အတွက် အသက်၂နှစ်အရွယ်ကို သားဖြစ်သူကို ရောင်းချခဲ့သည့်အမျိုးသား ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကိုခံခဲ့ရ

မိဘတို့သည် သူတို့၏ သားသမီးများကို အသက်ထက်ပင်မြတ်နိုးကြပြီး သားသမီးတို့အတွက် အမြဲအသင့်ရှိနေတတ်ကြသည်။သို့သော်လည်း တရုတ်နိုင်ငံမှ အမျိုးသားတစ်ဦး၏ လုပ်ရက်ကြောင့် လူသားတိုင်းဟာ အံအားသင့်ခဲ့ရပေသည်။

တရုတ်နိုင်ငံမှ အမျိုးသားဟာ ဇနီးဖြစ်သူနှင့် ကွာရှင်းပြီးနောက်တွင် သားဖြစ်သူအား အကိုတို့၏ မိသားစုထံတွင် ထားရှိပြီး အခြားမြို့သို့ အလုပ်လုပ်ရန် ထွက်ခွာသွားခဲ့ပါတယ်။

ထို့နောက်တွင် ဇနီးဟောင်းက သားဖြစ်သူကို တွေ့ချင်ကြောင်းပြောလာသဖြင့် သွားတွေ့ပေးရမည်ဆိုကာ ကလေးအားခေါ်ဆောင်သွားခဲ့ပါတယ်။ထို့နောက်တွင် သားဖြစ်သူအား တရုတ်ငွေ ယွမ်၁၅၈၀၀၀ဖြင့် ရောင်းချပြီး ဇနီးအသစ်လေးနှင့် ပျော်ပွဲစားခရီးထွက်ရန် ပြင်ဆင်ခဲ့ပါတယ်။

အမျိုးသား၏ အကိုဖြစ်သူဟာ ကလေးကိုပြန်မပို့သဖြင့် ညီဖြစ်သူ၏ ဇနီးဟောင်းထံ စုံစမ်းရာမှ လိမ်ညာခေါ်ဆောင်သွားခဲ့သည်ကို သိရှိပြီးနောက်တွင် ရဲတပ်ဖွဲ့အား တိုင်ကြားခဲ့ခြင်းဖြစ်ပါတယ်။

ယခုအခါတွင် ထိုအမျိုးသားဟာ အဖမ်းခံနေရပြီဖြစ်ပြီး ကလေးငယ်ကိုလည်း ပြန်လည်ရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment