





Shoon (Cele Daily)

Unicode

ဆေးလိပ်ဖြတ်နိုင်ရန်အတွက် ဦးခေါင်းကို ၂၄နာရီလုံး အချုပ်ထဲထည့်ပြီးသော့ခတ်ကာ အမြဲတမ်းနေထိုင်နေခဲ့သည့် အမျိုးသား

ကမ္ဘာပေါ်ရှိလူသားတိုင်းဟာ ဘဝ၏နေထိုင်လှုပ်ရှားမှုများကို အထောက်အကူပြုနိုင်ရန်အတွက် ပစ္စည်းအမျိုးမျိုးတို့ကို တီထွင်ဖန်တီးခဲ့ကြပေသည်။ထိုသို့တီထွင်ဖန်တီးမှုများတွင် အချို့အရာများသည် လူ့ဘဝအတွက် အလွန်အသုံးဝင်ခဲ့ပြီး အချို့အရာများကတော့ ရူးကြောင်ကြောင်နိုင်သော တီထွင်မှုသာ ဖြစ်သွားခဲ့ကြသည်။

ယခုတွင်လည်း တူရကီနိုင်ငံမှ အမျိုးသားတစ်ဦးသည် ဆေးလိပ်များကို အနှစ်၂၀တိတိကို သောက်သုံးလာခဲ့သည်။ဆေးလိပ်ကြောင့် ကျန်းမာရေးထိခိုက်တော့မည်ကို သိရှိခဲ့သဖြင့် ဆေးလိပ်ဖြတ်ရန် ကြိုးစားခဲ့သည်။

အမျိုးသားဟာ ဆေးလိပ်သောက်ခြင်းကို ဖြတ်ရန် ခက်ခဲနေသဖြင့် သံဇကာဦးထုတ်တစ်လုံးကို ဖန်တီးတီထွင်ခဲ့ပါတယ်။

ထို့နောက်တွင် ဦးခေါင်းတွင် ဆောင်းထားပြီး သော့ခတ်ကာ မသောက်မိအောင် ကြိုးစားနေထိုင်ခဲ့ပါတယ်။

အမျိုးသား၏ တီထွင်မှုဟာ အခြားလူများအတွက် ရယ်စရာဖြစ်နိုင်သော်လည်း သူ့အတွက်တော့ အမှန်တကယ်အကျိုးရှိမှာ သေချာပါတယ်။

Shoon (Cele Daily)

  • Leave a Comment