Shoon (Cele Daily)
Unicode
သခင်ဖြစ်သူ သေဆုံးသွားသောကြောင့် အုတ်ဂူ၏ဘေးလေးတွင် ထိုင်ကာငိုကြွေးနေခဲ့သည့် ကြောင်ကလေး၏ သနားဖွယ် အမူအရာလေး
ကြောင်ကလေးများသည် တိရိစ္ဆာန်လေးများဖြစ်ကြသော်လည်း အသိညဏ်မြင့်မားကာ သခင်ဖြစ်သူတို့အပေါ်တွင် အလွန်ပင်ချစ်ခင်ကြသော မိသားစုဝင်လေးများပင် ဖြစ်ကြပေသည်။တိရိစ္ဆာန်လေးများသည် စကားမပြောတတ်ကြသော်လည်း ဟန်ပန်အမူအရာနှင့် မျက်လုံးများကို ကြည့်ရှုခြင်းဖြင့် သူတို့၏ ခံစားမှုများကို သိရှိနိုင်ပေသည်။
ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ ကြောင်လေးတစ်ကောင်၏ အပြုအမူသည် အခြားသော လူများအားလုံးကိုပင် အံ့အားသင့်စေခဲ့ရပါသည်။ကြောင်ကလေးဟာ သူ၏သခင်ဖြစ်သူ သေဆုံးသွားသည်ကို သိရှိခဲ့ပြီးနောက် ငိုကြွေးနေခဲ့ပါတယ်။
ထိုကြောင်ကလေးငိုကြွေးနေတဲ့ ဗီဒီယိုဖိုင်လေးဟာ အွန်လိုင်းပေါ်တွင် ပျံနှံသွားခဲ့ပြီး ကြည့်ရှု့သူပင် ၁သန်းကျော်သွားခဲ့ပါတယ်။ထိုနောက်တွင် ကြောင်ကလေး၏ ခံစားခိက်များကို လူအများက နားလည်ခံစားနိုင်ခဲ့ကြပြီး အလွန်ပင် ဂရုဏာသက်ခဲ့ရပါတယ်။
Shoon (Cele Daily)