Shoon (Cele Daily)
Unicode
သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနေ့အဖြစ် ကော်ဖီတစ်ခွက်စီ တိုက်မည်ဟု ကြေညာလိုက်သောကြောင့် လာသောက်ကြသည့် ဖောက်သည်များကြောင့် ငိုသွားခဲ့ရသည့် ဆိုင်ပိုင်ရှင်
ကမ္ဘာကြီးပေါ်တွင် သူတစ်ပါးအား ကုသိုလ်ပြုလှုဒါန်းခြင်းသည် အမွန်မြတ်ဆုံးသော အရာတစ်ခုပင်ဖြစ်ပေသည်။
မိမိပိုင်ဆိုင်သော အရာများထဲမှ သူတစ်ပါးအား လှုဒါန်းမှုသည် အလွန်ထက်သန်သောသဒ္ဒါတရာကြောင့်သာ ဖြစ်သည်။
ယခုတွင်လည်း တရုပ်နိုင်ငံမှ ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦးဟာ သဘာဝပတ်ဝန်းကျင် ကာကွရေးနေ့ အထိမ်းမှတ်အဖြစ် ကော်ဖီများကို အလကားတိုက်မည်ဟုကြေညာခဲ့ပါတယ်။
ထိုသတင်းကိုကြားသိကြသောအခါ လူအများဟာ ကော်ဖီသောက်ရန်အတွက် ရောက်ရှိလာခဲ့ကြပါတယ်။
ဆိုင်သို့ရောက်ရှိလာသူ အများစုသည် ကြီးမားသော ခွက်များ ဓာတ်ဗူးများအပြင် ရေသန့်ဗူးကြီးများကိုပါ ယူဆောင်လာကြပြီး အိမ်သို့ယူပြန်ရန် ကြိုးစားခဲ့ကြပါတယ်။
ထိုသို့သော ဖြစ်ရပ်များကြောင့် ဆိုင်ပိုင်ရှင်ဟာ အလွန်ပင်ဝမ်းနည်းကာ ငိုကြွေးနေလောက်မှာဖြစ်ပါတယ်။
Shoon (Cele Daily)