




Shoon (Cele Daily)

Unicode

စားသုံးသူများအဆင်ပြေစေရန်အတွက် မိုးသည်းကြီးထဲတွင် အစားအသောက်များလာယူရန် စောင့်ဆိုင်းပေးနေခဲ့သည့် food Riderကောင်လေး

ယနေ့ခေတ်ကြီးထဲတွင် လူသားတို့ဟာ ဆိုရှယ်မီဒီယာကိုသာ အားကိုးအသုံးပြုလာကြပြီး လူသားတို့အတွက် ပိုမိုအဆင်ပြေစေခဲ့သည်။လူတို့ဟာ အစားအသောက်များကိုပင် အပြင်ထွက်ဝယ်ယူရန် မလိုအပ်တော့ဘဲ လိုင်းပေါ်မှတစ်ဆင့် ဝယ်ယူပြီး အိမ်အထိ လာရောက်ပို့ဆောင်ရန် စေခိုင်းနိုင်ခဲ့ပြီဖြစ်ပေသည်။

ထို့ကြောင့် အလုပ်လက်မဲ့ဖြစ်နေသူ လူအချို့အတွက်ပင် အစားအသောက်ပို့ဆောင်ခြင်း လုပ်ငန်းများလုပ်ကိုင်ကာ လုပ်ငန်းအခွင့်အလန်းများ ပိုမိုများပြားလာခဲ့သည်။ယခုတွင်လည်း အစားအသောက် ပို့ဆောင်ခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည် လူငယ်တစ်ဦး၏ စားသုံးသူအပေါ် အလေးထားမှုသည် အလွန်လေးစားဖွယ်ကောင်းလာသည်။

ကောင်လေးဟာ အစားအသောက်များကို အိမ်ရှေ့ထိ လာပို့ပေးပြီဖြစ်သော်လည် အိမ်ရှင်မှာ အစားအသောက်များ လာမယူသေးသည့်အတွက် ကောင်လေးဟာ မိုးရွာထဲတွင် စိတ်ရှည်စွာဖြင့် အချိန်ကြာမြင့်စွာစောင့်ဆိုင်းပေးခဲ့သည်။

ကောင်လေးသည် မိုးသည်းထန်စွာရွာနေသည့်အချိန်တွင် စိတ်ဆိုးခြင်းမရှိဘဲ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ခြင်းဖြစ်ပေသည်။

Shoon (Cele Daily)

  • Leave a Comment