Shoon (Cele Daily)
Unicode
မီးလောင်နေသော အိမ်ထဲသို့ ပြေးဝင်သွားပြီး သူမ၏ခွေးကလေးကို ကယ်တင်ရန်ကြိုးစားခဲ့သည့် ၁၁နှစ်အရွယ် ကလေးမလေး၏ ဝမ်းနည်းဖွယ်ဖြစ်ရပ်
ခွေးကလေးများသည် တိရိစ္ဆာန်များဖြစ်သော်လည်း လူသားတို့အတွက် မိသားစုဝင်များပင်ဖြစ်ကြပေသည်။၁၁နှစ်အရွယ်သာရှိသေးသည့် အမေရိကန်နိုင်ငံမှ ကလေးမလေးဟာ သူမ အလွန်ချစ်ခင်ရသော ခွေးကလေးကို မီးလောင်နေသော အိမ်ထဲမှ ကယ်တင်ရန် ကြိုးပမ်းခဲ့ပါတယ်။
ထိုကလေးမလေး၏ ချစ်အဒေါ်ဖြစ်သူမှ ပြောပြချက်များအရ ကလေးမလေးသည် သူမ၏ ၇လအရွယ် ခွေးကလေးကို အလွန်ပင် ချစ်မြတ်နိုးခဲ့သည်ဟု သိရသည်။ထိုကြောင့်ပင် မီးလောက်နေစဥ်၌ အိမ်အထဲတွင် ပိတ်မိနေခဲ့သော ခွေးကလေးကို ကယ်ဆယ်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ထို့သို့ ကြိုးပမ်းမှုကြောင့် ကလေးမလေးပင် မီးထဲတွင် ပိတ်မိနေခဲ့ရပြီး အသက်ပေးဆပ်ခဲ့ရသည်။
မီးသတ်တပ်ဖွဲ့များ ရောက်ရှိလာခဲ့ပြီး ကလေးငယ်ကို ကယ်တင်ခဲ့ကြသော်လည်း ကလေးမလေးဟာ မီးခိုးများကြောင့် အသက်ရှုကြပ်ပြီး သေဆုံးသွားခဲ့ရသည်ဟု ဆိုခဲ့သည်။
Shoon (Cele Daily)