




Shoon (Cele Daily)

Unicode

Unicode

အပတ်စဥ် တနင်္ဂနွေနေ့တိုင်းကို အိမ်ခြေရာမဲ့များအား အခမဲ့ အစားအသောက်များ ကျွေးမွေးသောကြောင့် အများ၏ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံနေရသည့် စားသောက်ဆိုင်ပိုင်ရှင်

လူသားတို့သည် ပတ်ဝန်းကျင်နှင့်အတူ နေထိုင်ရသောကြောင့် ပတ်ဝန်းပျင်နဖျင့် လိုက်လျောညီထွေးဖြစ်အောင် နေနိုင်ရန် ကြိုးစားရပေသည်။သို့သော် တစ်ခါတစ်ရံသော အချိန်အခါများတွင် ပတ်ဝန်းကျင်သည် လူသားတို့၏ ဘဝအတွက် အကြီးမားဆုံးသော စိတ်ဒုက္ခပေးစရာဖြစ်နေတတ်ပေသည်။

ယခုတွင်လည်း ဆွစ်ဇာလန်နိုင်ငံတွင် နေထိုင်သော ပါကစ္စတန်အမျိုးသားတစ်ဦးသည် ပတ်ဝန်းကျင်၏ ဝေဖန်ကဲ့ရဲ့ခြင်းကို ခံနေရပါသည်။

အကြောင်းရင်းမှာ ထိုအမျိုးသားသည် သူဖွင်လှစ်ထားသော စားသောက်ဆိုင်တွင် အပတ်စဥ် တနင်္ဂနွေနေ့တိုင်းကို အိမ်ခြေရာမဲ့များအား အခမဲ့ အစားအသောက်များ ကျွေးနေသောကြောင့်ဖြစ်ပါသည်။

ထိုအမျိုးသားဟာ တနင်္ဂနွေနေ့တိုင်းတွင် ညနေနာရီခွဲမှ ၆နာရီခွဲအချိန်ကို အိမ်ခြေရာမဲ့များအတွက် အခမဲ့စားသောက်ချိန်အဖြစ် သတ်မှတ်ထားခဲ့ပါတယ်။အမျိုးသားဟာ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ အိမ်ခြေရာမဲ့များအား အစားအသောက်များကို ဆတ်လက်ကျွေးသွားမည်ဟု ဆိုထားခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment