




Shoon (Cele Daily)

Unicode

မင်္ဂလာပွဲတွင် သတိုးသားဟာ ဒူးနှစ်ဖက်စလုံးထောက်ပြီး ပန်းစီးပေးခဲ့ကာ ချစ်ခွင့်ပန်သောကြောင့် စိတ်ဆိုးဒေါသထွက်သွားသည့် သတိုးသမီး

အချစ်စစ်အချစ်မှန် ချစ်သူတို့သည် ကိုယ်၏ချစ်သူလေးကို အမြဲပျော်ရွှင်ကြည်နူးနိုင်ရန်အတွက် နည်းအမျိုးမျိုးဖြင့်ကြိုးစားကာ နေထိုင်တတ်ကြသည်။တစ်ခါတစ်လေတွင် ချစ်သူကြည်နူးစေရန်အတွက် ကြိုးစားပေးရင်း အမှားလုပ်မိကာ ချစ်သူ၏ ငြိုငြင်မှုကို ခံရတတ်ပေသည်။

ယခုတွင်လည်း တရုပ်နိုင်ငံမှ ပေါင်လေးတစ်ဦးသည် ချစ်သူကောင်မလေး ကြည်နူးနိုင်စေရန် ကြိုးစားမှုကြောင့် လူကြားထဲတွင် မျက်နှာငယ်ခဲ့ရသည်။ကောင်လေးဟာ သူတို့၏ မင်္ဂလာပွဲအခမ်းအနားလေးတွင် ချစ်ရသူ သတိုးသမီးလေးကို ဒူးထောက်ပြီး ပန်းစီးပေးကာ ချစ်ကြောင်းပြောကြားခဲ့သည်။

ထိုအချိန်တွင် ကောင်လေးဟာ ဒူးထောက်သည်မှာ ဒူးနှစ်ဖက်လုံး အောက်ကျထားသည့်အတွက် မျက်နှာမရဘဲ သတိုးသမီး၏ ဒေါသကိုသာ ရရှိပြီး အော်ငေါက်ခံခဲ့ရသည်။

ထို့ကြောင့် သတိုးသားကောက်လေးဟ လူကြားထဲတွင် အရှက်ရခဲ့ကြပြီး မင်္ဂလာပွဲလာသူများကတော့ သတိုးသမီးကိုသာ ဝေဖန်ပြစ်တင်ခဲ့ကြသည်။

Shoon (Cele Daily)

  • Leave a Comment