



Shoon (Cele Daily)

Unicode

အလုပ်ကို ကြိုးစားပြီး ထူးချွန်သော အရောင်းဝန်ထမ်းများကို အလုပ်အရာရှိများကိုယ်တိုင် ဒူးထောက်ကာ ခြေထောက်ဆေးပေးပြီး ဂုဏ်ပြုခဲ့သည့် ကုမ္ပဏီ

ယခုအဖြစ်အပျက်လေးကတော့ တရုပ်နိုင်ငံ shandongပြည်နယ်ရှိ အလှကုမ္ပဏီတစ်ခုမှ ဝန်ထန်းများကို ဆုချီးမြှင့်သည့် ဂုဏ်ပြုပွဲ အခမ်းအနားလေးဖြစ်ပေသည်။တရုပ်နိုင်ငံရှိ ကုမ္ပဏီတိုင်းလိုလိုသည် သူတို့၏ ဝန်ထမ်းများကို အလုပ်ကြိုးစားမှုပေါ် မူတည်၍ ဆုပေးဒဏ်ပေးစနစ်ကို ကျင့်သုံးမှုများ ပြုလုပ်တတ်ကြသည်။

ထိုကဲ့သို့ပင် ယခု အလှကုမ္ပဏီတစ်ခုသည် သူတို့၏ ထူးချွန်းသော အရောင်းဝန်ထမ်းများကို ဆုချီးမြှင့်မှုပြုလုပ်ခဲ့ပါသည်။ဆုချီးမြင့်သည်ဆိုသော်လည်း ထိုကုမ္ပဏီသည် အခြားကုမ္ပဏီများနှင့်မတူဘဲ ထူးခြားစွာဖြင့် ဆုချီးမြှင့်ခဲ့သည်။

ထိုကမ္ပဏီသည် ထူးချွန်သော အရောင်းဝန်ထမ်းများကို ခုံပေါ်တွင်ထိုင်စေပြီး အမှုဆောင် အရှာရှိနှစ်ဦးမှ ဒူးထောက်ကာ ခြေထောက်များကို ဆေးကြောသန့်စင်ပေးခဲ့ခြင်းပဲဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment