




Shoon (Cele Daily)

Unicode

ဆရာသည် လစာအနည်းငယ်သာရရှိသည်ဟု ကြားသိရသောကြောင့် မုန့်ဖိုးငွေလေးတွေကိုစုပြီး ဆရာကို လက်ဆောင်ပေးခဲ့သည့် အသက်၈နှစ်အရွယ် ၃တန်းကျောင်သားလေး

အချို့ကလေးများ၏ စိတ်ထားမြင့်မြတ် သိတတ်မှုသည် လူကြီးသူမများကိုပင် လေးစားအားကျမှုဖြစ်စေခဲ့ရပါတယ်။ထို့ကြောင့်ပင် ကလေးငယ်လေးများကို နိုင်ငံ၏ အနာဂတ်အတွက် အားအထားရဆုံးသော ပုဂ္ဂိုလ်များအဖြစ် တင်စားခဲ့ကြခြင်းဖြစ်ပေသည်။

ယခုတွင်လည်း အသက်၈နှစ်အရွယ်သာရှိသေးသော ၃တန်ကျောင်းသားလေး၏ လုပ်ရက်သည် လူတိုင်း၏ အံ့သြချီးကျူးမှုကို ရရှိခဲ့သည်။၃တန်းကျောင်းသားလေးဟာ သူ၏ ဆရာဖြစ်သူ လစာငွေသည် အနည်းငယ်သာရရှိသည်ဟု ကြားသိခဲ့ရသည်။

ထို့ကြောင့် ကျောင်းသားလေးဟာ သူရရှိသော မုန့်ဖုန်းငွေလေးများကို မသုံးစွဲရက်ဘဲ စုဆောင်းကာ ဆရာဖြစ်သူအား လက်ဆောင်ပေးခဲ့ခြင်းဖြစ်ပေသည်။

ထိုကျောင်းသားလေး၏ အသက်အရွယ်နှင့်မလိုက်အောင် ဆရာသမားအပေါ်ကျေးဇူးသိတတ်မှုသည် လူတိုင်းကိုပင် လေးစားအားကျစေခဲ့ရသည်။

Shoon (Cele Daily)

  • Leave a Comment