




Shoon (Cele Daily)

Unicode

မွေးကတည်းကပင် လက်ချောင်း၁၂ချောင်းနှင့် ခြေချောင်း ၂၀ချောင်းပါလာသောကြောင့် စုန်းမဟုသတ်မှတ်ကာ ပတ်ဝန်းကျင်၏ပြစ်ပယ်ထားခြင်းခံရသည့် အသက်၆၃နှစ်အရွယ်အဖွားအို

ကမ္ဘာပေါ်တွင် လူသားအချို့သည် မွေးကတည်းကပင် အခြားလူများနှင့်မတူသော ခန္ဓာကိုယ်ပြောင်းလဲမှုတစ်ခုဖြစ်ပေါ်လာတတ်ကြသည်။ယခုတွင်လည်း အသက်၆၃နှစ်အရွယ်ရှိ အဖွားတစ်ဦးသည် မွေးကတည်းကပင် လက်ချောင်း၁၂ချောင်းနှင့် ခြေချောင်း၂၀ချောင်းအထိ ပါလာခဲ့ပါသည်။

ထိုအဖွားသည် အိန္ဒိယနိုင်ငံ Orisaပြည်နယ် Ganjamခရိုင်တွင် နေထိုင်နေသူတစ်ဦးဖြစ်သည်ဟု သိရှိရပါသည်။အဖွားအိုဟာ မွေးကတည်းကပင် အများနှင့် မတူဘဲ ထူးခြားစွာ မွေးဖွားလာသောကြောင့် ပတ်ဝန်းကျင်တစ်ခုလုံးက အဖွားအိုကို မတူသလို မတန်သလို ဆက်ဆံခဲ့ကြသည်။

အဖွားအို၏ ထူခြားမှုများကြောင့် လူသားတစ်ဦးဟုပင် သတ်မှတ်မခံရဘဲ စုန်းမကြီးအဖြစ်သာ လူတိုင်းက ထင်မြင်နေခဲ့ကြသည်။

အဖွားအိုသည် ဘဝသက်တမ်းတစ်လျှောက်လုံးကို ပတ်ဝန်းကျင်၏ ပြစ်ပယ်ခြင်းကို ခံထားရပြီး အထီးကျန်စွာဖြတ်သန်းနေရသည်။

Shoon (Cele Daily)

  • Leave a Comment