




Shoon (Cele Daily)

Unicode

အနုစိပ်လှပသော တတ်တူများကို ခန္ဓာကိုယ်တစ်ခုလုံး ထိုးနိုင်ရန်အတွက် ဒေါ်လာ၁.၅သန်းအထိ သုံးစွဲခဲ့သည့်အမျိုးသမီး

အာရှနိုင်ငံများတွင် သာမကဘဲ ဥပရောနိုင်ငံအချို့တွင်ပင် လူတိုင်းသည် တတ်တူးထိုးထားသော မိန်းကလေးများကို အထင်သေးသော အကြည့်များဖြင့် ကြည့်တတ်ကြပေသည်။တတ်တူးထိုးခြင်းများသည် အနုပညာကို မြတ်နိုးစိတ်ဝင်စားခြင်းကြောင့် ဟုသာ လူတိုင်းက နားလည်ပေးနိုင်ရန် မျှော်လင့်မိပေသည်။

ယခုတွင်တော့ အမျိုးသမီးတစ်ဦးသည် သူမနှစ်သက်မြတ်နိုင်းသော တတ်တူးများထိုးနိုင်ရန်အတွက် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံခဲ့သည်။သူမဟာ အင်္ဂလန်နိုင်ငံတွင် နေထိုင်သူဖြစ်ပြီး အသက်၃၃နှစ်အရွယ်ရှိပြီဖြစ်ကာ တတ်တူးထိုးခြင်းကို အလွန်နှစ်သက်သူတစ်ဦးဖြစ်ပေသည်။

သူမသည် တစ်ကိုယ်လုံးအနှံကို အနုစိတ်လက်ရာများဖြင့် တတ်တူးထိုးခဲ့သောကြောင့် ပတ်ဝန်းကျင်၏ ရိုင်းစိုင်းသောစကားများဖြင့် ကဲ့ရဲ့ပြစ်တင်ခြင်းကို ခံခဲ့ရသေးသည်။

သို့သော်သူမကတော့ သူမ၏ ဝါသနာကို နှစ်သက်ပြီး ပတ်ဝန်းကျင်ကို လုံးဝဂရုစိုက်မည်မဟုတ်ဟု ဆိုခဲ့သည်။

Shoon (Cele Daily)

  • Leave a Comment