ကျောင်းသို့သွားစဉ် ဆိုင်က်ာမတော်တဆဖြစ်သောကြောင့် လဲနေချိန်တွင် ကူညီခြင်းမရှိဘဲ ဓာတ်ပုံလာရိုက်နေသည့်လူကို ပို့အမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်ခံခဲ့သူ





Shoon (Cele Daily)

Unicode

ကျောင်းသို့သွားစဥ် ဆိုင်ကာ်မတော်တဆဖြစ်သောကြောင့် လဲနေချိန်တွင် ကူညီခြင်းမရှိဘဲ ဓာတ်ပုံလာရိုက်နေသည့်လူကို ပို့အမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်ခံခဲ့သူ

ယခုအဖြစ်အပျက်သည် ထိုင်းနိုင်ငံ Nakon Sawan ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ဖြစ်ပါတယ်။ဖြစ်စဥ်မှာတော့ ထိုင်းနိုင်ငံမှ အထက်တန်းကျောင်းသူလေးနှစ်ဦးဟာ ဆိုင်ကယ်ဖြင့် ကျောင်းသို့သွားစဥ်နှင့် ကားတစ်စီးနှင့် မတော်တဆထိခိုက်မိခဲ့ပါတယ်။

ထို့ကြောင့် ကျောင်းသူလေးနှစ်ဦးလုံးဟာ ကားလမ်းပေါ်သို့လဲကျပြီး ဒဏ်ရာအနည်းငယ်စီ ရသွားခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေးအဖွဲများဟာ မတော်တဆဖြစ်ရာနေရာသို့ ချက်ချင်းရောက်ရှိလာခဲ့ကြပါတယ်။

ထိုအချိန်တွင် ကယ်ဆယ်ရေးအဖွဲ့မှ လူများဟာ ကျောင်းသူလေးတို့ကို အရင်ကူညီခြင်းမရှိဘဲ ဓာတ်ပုံမှတ်တမ်းများကို အရင်ယူနေခဲ့ပါတယ်။ထို့ကြောင့် ကျောင်းသူလေးတစ်ဦးဟာလည်း ဓာတ်ပုံရိုက်နေသူကို ပို့စ်များ အမျိုးမျိုးပေးကာ ဓာတ်ပုံရိုက်ခံခဲ့ပါတယ်။

ထိုဓာတ်ပုံလေးများဟာ လိုင်းပေါ်တွင် နာမည်ကြီးပြီး လူအများကို ရယ်မောစေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment