




Shoon (Cele Daily)

Unicode

နေမကောင်းသော ကလေးငယ်များကို ဆေးကုပေးရန်အတွက် ကြောင်ကလေးတွေကို ကိုက်ချီပြီး ဆေးရုံသို့ ခေါ်ဆောင်လာခဲ့သည့် ကြောင်မိခင်ကြီး

မိဘတို့၏ မေတ္တာသည် လောကထဲတွင် နှိုင်းယှဥ်ခိုင်းနှိုင်းစရာမရှိလောက်အောင်ပင် ကြီးမားလှပေသည်။လူသားတို့ပင်မဆိုသားနှင့် တိရိစ္ဆာန်လေးများပင် သူတို့မွေးဖွားလာသော သားသမီးများကို စစ်မှန်သော ချစ်ခြင်းမေတ္တာဖြင့် ချစ်တတ်ကြသည်။

ယခုတွင်လည်း ကြောင်မိခင်လေးတစ်ကောင်၏ သူ၏ သားသမီးများအပေါ် ဂရုစိုက် စောင့်ရှောက်မှုသည် လူသားတိုင်း၏ နှလုံးသားကို အရည်ပျော်စေခဲ့ပါသည်။ကြောင်မိခင်မိခင်တစ်ကောင်ဟာ မွေးကင်စကြောင်လေးကို ပါးစပ်မှကိုက်ချီပြီး ဆေးရုံထဲသို့ ဝင်လာကာ ဆရာဝန်များကို ဆေးကုပေးရန် အကူအညီတောင်းခံခဲ့ပါတယ်။

ထို့နောက်ဆရာဝန်များဟာလည်း ကြောင်မ၏ ပါးစပ်ထဲမှ ကြောင်ကလေးကို ယူပြီးကြည့်လိုက်သောအခါ ကြောင်ကလေး၏ မျက်စိတွင် ရောဂါကူးစက်ခံထားရပါတယ်။

ထို့နောက်ဆရာဝန်များဟာလည်း ကြောင်ကလေး၏ မျက်စိကို ဆေးသေချာကုပေးခဲ့ကြပါတယ်။ကြောင်မလေး၏ လုပ်ရက်ကြောင့် ဆေးရုံတစ်ခုလုံးကတော့ အံ့သြမှုကို ဖြစ်ပေါ်စေခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment