ေတာင္းပန္ပါတယ္ ငါ့ကေလးေနမေကာင္းလို႔ပါ ဟုဆိုၿပီး ေအးေအးေဆးေဆး ပိုက္ဆံေတာင္းသြားသည့္ လူငယ္တစ္ဦး

လူ႔ေလာကထဲသို႔ ေရာက္ရွိလာၿပီဆိုလွ်င္ လူသားတိုင္းဟာ အခက္အခဲမ်ိဳးစုံကို ရင္ဆိုင္ၾကရၿပီး ႀကိဳးစားေနၾကရသူမ်ားပင္ ျဖစ္ေပသည္။အခ်ိဳ႕လူသားမ်ားသည္ အခက္အခဲမ်ားႀကဳံေတြ႕လာသည့္အခါတြင္ ေျဖရွင္းရန္လိုအပ္လာပါက မသမာေသာနည္းလမ္းမ်ားကို အသုံးျပဳရန္အတြက္ ႀကိဳးစားလာတတ္ၾကေပသည္။

ယခုတြင္လည္း အေမရိကန္ႏိုင္ငံတြင္ လူငယ္တစ္ဦးဟာ အခက္အခဲကိုႀကဳံေတြ႕ေနရေသာေၾကာင့္ ဆိုင္တစ္ဆိုင္ကို ဓားျပဝင္တိုက္ခဲ့ပုံရပါတယ္။

ေကာင္ေလးဟာ USA Rite Aidလို႔အမည္ေပးထားသည့္ ေဆးဆိုင္အတြင္းသို႔ ဝင္ေရာက္လာကာ ငါစိတ္မေကာင္းပါဘူး ပိုက္ဆံေတြထုတ္ေပးလိုက္ပါ ငါ့သားေလးေနမေကာင္းဘူးဟုေျပာကာ ဓားျပတိုက္သြားခဲ့ပါတယ္။

ထိုအေၾကာင္းကို ဆိုင္ရွင္က ရဲစခန္းသို႔တိုင္ၾကားလိုက္ေသာအခါ ရဲမ်ားက မည္သို႔ပင္ေျပာဆိုပါေစ ေကာင္ေလးရဲ႕လုပ္ရပ္ဟာ ခြင့္လႊတ္၍မရႏိုင္ေသာ အမွားျဖစ္ၿပီး ဖမ္းဆီးရန္ ရွာေဖြေနၾကပါတယ္။

Shoon (Cele Daily)

Unicode

တောင်းပန်ပါတယ် ငါ့ကလေးနေမကောင်းလို့ပါ ဟုဆိုပြီး အေးအေးဆေးဆေး ပိုက်ဆံတောင်းသွားသည့် လူငယ်တစ်ဦး

လူ့လောကထဲသို့ ရောက်ရှိလာပြီဆိုလျှင် လူသားတိုင်းဟာ အခက်အခဲမျိုးစုံကို ရင်ဆိုင်ကြရပြီး ကြိုးစားနေကြရသူများပင် ဖြစ်ပေသည်။အချို့လူသားများသည် အခက်အခဲများကြုံတွေ့လာသည့်အခါတွင် ဖြေရှင်းရန်လိုအပ်လာပါက မသမာသောနည်းလမ်းများကို အသုံးပြုရန်အတွက် ကြိုးစားလာတတ်ကြပေသည်။

ယခုတွင်လည်း အမေရိကန်နိုင်ငံတွင် လူငယ်တစ်ဦးဟာ အခက်အခဲကိုကြုံတွေ့နေရသောကြောင့် ဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်ခဲ့ပုံရပါတယ်။

ကောင်လေးဟာ USA Rite Aidလို့အမည်ပေးထားသည့် ဆေးဆိုင်အတွင်းသို့ ဝင်ရောက်လာကာ ငါစိတ်မကောင်းပါဘူး ပိုက်ဆံတွေထုတ်ပေးလိုက်ပါ ငါ့သားလေးနေမကောင်းဘူးဟုပြောကာ ဓားပြတိုက်သွားခဲ့ပါတယ်။

ထိုအကြောင်းကို ဆိုင်ရှင်က ရဲစခန်းသို့တိုင်ကြားလိုက်သောအခါ ရဲများက မည်သို့ပင်ပြောဆိုပါစေ ကောင်လေးရဲ့လုပ်ရပ်ဟာ ခွင့်လွှတ်၍မရနိုင်သော အမှားဖြစ်ပြီး ဖမ်းဆီးရန် ရှာဖွေနေကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment