




Shoon (Cele Daily)

Unicode

ကျောင်းသို့ဝင်ခွင့်ရရှိရန် အင်တာဗျူးဖြေမည့်အချိန်တွင် ကျောင်းသားများစိတ်ဖိစီးမှု မဖြစ်စေရန် ဇာတ်ကားထဲက ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြသည့် ဆရာဆရာမများ

စာဖတ်သူတို့အနေနှင့် အလုပ်တစ်ခုခု သို့မဟုတ် ကျောင်းတစ်ကျောင်းသို့ တတ်ရောက်နိုင်ရန် အင်တာဗျူးဖြေရသည့် အခါမျိုးကြုံတွေ့ဖူးပြီလား။အင်တာဗျူးဖြေသူအများစုဟာ မေးခွန်းများကို ဖြေဆိုသည့်အချိန်၌ မေးမြန်းသူကိုကြည့်ကာ ကြောက်ရွံပြီး အမှားများဖြေဆိုတတ်ကြပါတယ်။

သို့သော် ထိုင်းနိုင်ငံမှ ကျောင်းတစ်ခုတွင် သင်အနေဖြင့် အင်တာဗျူးဖြေလျှင်တော့ ကြောက်ရွံခြင်းမျိုဖြစ်ပေါ်တော့မည်မဟုတ်ပါ။ထိုကျောင်းမှ ဆရာဆရာမများဟာ ကျောင်းသား ကျောင်းဝင်ခွင့်အတွက် အင်တာဗျူးဖြေမည့်နေတွင် ဇာတ်ကားများထဲမှ ထူးထူးဆန်းဆန်း ဝတ်စုံများကို ဝတ်ဆင်ထားသောကြောင့်ဖြစ်ပါတယ်။

ဆရာဆရာမများအားလုံးဟာ အင်တာဗျူးဖြေမည့်နေတွင် ကြိုက်နှစ်သက်ရာ ဇာတ်ကားထဲမှ ဇာတ်ကောင်၏ဝတ်စုံကို ဝတ်ဆင်နိုင်ပေသည်။

အင်တာဗျူးဖြေမည့် ကျောင်းသားလေးများ၏ စိတ်ဖိစီးကြောက်ရွံမှုကို ဖြေလျော့ပေးရန် ဆောင်ရွက်မှုဟာ သင့်အတွက်ရော အဆင်ပြေနိုင်မယ်လို့ ထင်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment