




Shoon (Cele Daily)

Unicode

မည်မျှပင်ပိတ်လှောင်ထားပါစေ ချစ်ခြင်းကို ခွဲခြားနိုင်ခြင်းမရှိခဲ့သည့် ခွေးကလေးနှစ်ကောင်၏ သံယောဇဥ်

တစ်ဦး နှင့်တစ်ဦးသည် အမှန်တကယ်ပင် သံယောဇဥ်တစ်ခုကို တွယ်တာနေခဲ့ပြီးဆို မည်မျှပင်အခက်အခဲရှိနေပါစေ ကျော်ဖြတ်နိုင်ပေသည်။သံယောဇဥ်တစ်ခုသည် လူသားများတွင်သာမကဘဲ တိရိစ္ဆာန်လေးမျာတွင်ပင် ကြီးမားလှသောသံယောဇဥ်များရှိပေသည်။

ယခုတွင်လည်း ခွေးတစ်လေးတစ်ကောင်သည် အမြဲတွေ့နေကြဖြစ်သော သူငယ်ချင်းခွေးကလေးကို မတွေ့ရသောကြောင့် နေအိမ်ထိလိုက်လာကာ တွေ့ဆုံခဲ့သည်။ခွေးကလေးဟာ သခင်ဖြစ်သူ အပြင်သွားလည်နေသည့်အတွက် ခြံတံခါးကို သော့ခတ်ထားခဲ့သောကြောင့် ထွက်မရဖြစ်နေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် အပြင်သို့ထွက်ကာ သူငယ်ချင်းနှင့်တွေ့ဆုံရခြင်းမရှိသောကြောင့် ခွေးလေးနောက်တစ်ကောင်ဟာ အိမ်အထိလာရောက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် သူငယ်ချင်း၏ အခက်အခဲကိုသိရှိသွားပြီးနောက် တစ်ကောင်နှင့်တစ်ကောင် အားပေးနှစ်သိမ့်ပေးနေပုံလေးဟာ လူမှုမီဒီယာ ပေါ်သို့ ပျံနှံသွားခဲ့ပြီး လူအများ၏ အချစ်လေးကို ရရှိခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment