




Shoon (Cele Daily)

Unicode

ဇနီးဖြစ်သူကို တံခါးခြားပြီး သော့ပေါက်မှတစ်ဆင့် ဟိုဒင်းဟိုဟာ ပြုချင်သည့် အမျိုးသား ထုတ်မရတော့လို့ ရဲစခန်းကို အကူညီတောင်းခံခဲ့ရ

ယခုအဖြစ်အပျက်လေးဟာ အင်္ဂလန်နိုင်ငံတွင် အမှန်တကယ်ဖြစ်ပျက်ခဲ့သော လင်မယားနှစ်ဦးရဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။အင်္ဂလန်နိုင်ငံမှ အမျိုးသားများဟာ ထူးထူးဆန်းဆန်း အရာများနှင့် ပေါက်တတ်ကရလုပ်ရသည်ကို အလွန်ဝါသနာပါသူများဖြစ်နိုင်ပါတယ်။

ယခုအမျိုးသားတစ်ဦး၏ ကြံကြံဖန်ဖန်အတွေးကို အကောင်အထည်ဖော်မှုဟာ အတော်လေး အရှက်ကွဲခဲ့ရပါတယ်။ထိုအမျိုးသားဟာ ဇနီးသည်ကို တံခါးခြားထားပြီး လက်ကိုင်သော့ပေါက်မှတစ်ဆင့် ဟိုဒင်းဟိုဟာပြုလုပ်ရန်ကြိုးစားခဲ့ပါတယ်။

အကျိုးဆက်အနေနှင့် သော့ပေါက်ထဲတွင် ညှပ်နေခဲ့ပြီး ထုတ်မရသောကြောင့် ရဲစခန်းကို အကူအညီတောင်းခံခဲ့ရပါတယ်။ထို့နောက်ရဲများဟာလည်း ဆရာဝန်ကို အဖြစ်အပျက်အား ဓာတ်ပုံရိုက်ပို့ပေးကာ အကြံတောင်းခံခဲ့ပါတယ်။

ဆရာဝန်ဟာလည်း ဆေးရုံသို့ အရေးပေါ်သွားရန် ပြောကြားလာသဖြင့် တံလားကိုဖြတ်ကာ အမျိုးသားအား ဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ရပါတယ်။ထိုအမျိုးသားဟာ ခွဲစိတ်မှုပင်ပြုလုပ်ခဲ့ရပြီး ယခုအခါတွင် ကျန်းမာကောင်းမွန်နေပြီဟု သိရှိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment