




Shoon (Cele Daily)

Unicode

နှစ်ပေါင်း၅၀ကြာသည့်တိုင် အချစ်တွေမပြောင်းလဲဘဲ ပထမအကြိမ်မင်္ဂလာဆောင်သည့်အတိုင်း ပြန်လည်လက်ထပ်ခဲ့ကြသည့် ဖိုးဖိုးနှင့်ဖွားဖွားတို့၏ ကြည်နူးဖွယ် မင်္ဂလာပွဲလေး

ယခုစာဖတ်နေသူဟာလည်း ကိုယ်အမှန်တကယ်ချစ်မြတ်နိုးရသူနှင့် ရိုးမြေကျပေါင်းသင်းနေထိုင်သွားပြီး မပြောင်းလဲသော ချစ်ခြင်းကိုသာ အလိုရှိနေပေလိမ့်မည်။လူသားတိုင်းဟာ အချစ်နှင့် ကင်းကွာစွာမနေထိုင်နိုင်ပဲ အချစ်တွေဟာ အမြဲတမ်းရှင်သန်ပေါက်ဖွားနေကြပေသည်။

ယခုတွင်လည်း ချစ်သူစုံတွဲနှစ်ဦးတို့သည် ၁၉၇၁ခုနှစ်တွင် အချစ်သက်သေထူကာ မင်္ဂလာပွဲအခမ်းအနားကို ကြီးကျယ်ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။သူတို့နှစ်ဦးဟာ နှစ်ယောက်ကို ဘဝတစ်ခုထူထောင်ပြီး အခက်အခဲများကို အတူတူရင်ဆိုင်ကျော်ဖြတ်ကာ လာခဲ့ကြရသည်။

ထို့နောက် ၂၀၂၁တို့ရောက်ရှိလာသောအခါတွင် သူတို့၏ မင်္ဂလာနေ့ နှစ်၅၀ပြည့်အထိမ်းအမှတ်အဖြစ် ၁၉၇၁ခုနှစ်က မင်္ဂလာဆောင်ပုံစံအတိုင်းနေရာ ပုံစံ အမူအရာတို့ကို တူညီစွာပြုလုပ်ခဲ့ကြသည်။

သူတို့နှစ်ဦး၏ အတိတ်နှင့် ပစ္စုပ္ပန်ကာလတွင်သာမကဘဲ အနာဂတ်အတွက်ပါ စစ်မှန်သောချစ်ခြင်းမေတ္တာများနှင့် ရှေ့ဆက်သွားမည့် အချစ်ခရီးလမ်းဟာ အခြားသူများအတွက်တော့ လေးစားအားကျဖွယ်ရာပင်ဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment