



Shoon (Cele Daily)

Unicode

ဂိမ်းဆိုင်တွင် ဂိမ်းကစားနေရင်းမှ ရုတ်တရက်အိမ်စာများ ထိုင်လုပ်နေခဲ့သည့် ကလေးငယ်ကို ဆိုင်ရှင်က နာရီ၂၀ဂိမ်းအလကားပေးဆော့ခဲ့

ငယ်ရွယ်သော ကလေးဘဝတွင် ဂိမ်းကစားခြင်းများကို အလွန်မက်မောကျပြီး ဆိုင်များသို့သွားကာ မုန့်ဖိုးငွေလေးများကို မသုံးစွဲဘဲ ဂိမ်းဆော့ရန် အသုံးပြုတတ်ကြသည်။ဂိမ်းကိုစွဲလမ်းနေသော ကျောင်သားလေးများအတွက် အားလပ်ချိန်လေးတွင် ဂိမ်းကိုသာ ကစားပြီး အချိန်ကုန်ဆုံးကြသည်။

ယခုတွင်လည်း တရုပ်နိုင်ငံမှ ကောင်လေးတစ်ဦးဟာ ဂိမ်းဆော့ရသည့်ကို ဝါသနာပါပုံရပြီး ဂိမ်းဆိုင်သို့သွားရောက်ကာ ဂိမ်းကစားနေခဲ့ပါတယ်။ထို့နောက်မှ ကျောင်းမှပေးလိုက်သော အိမ်စာများကို သတိရသွားပုံရပြီး အိမ်စာများကို ဂိမ်းစက်၏ရှေ့တွင်ပင် စာထိုင်လုပ်နေခဲ့ပါတယ်။

ထိုအခါဆိုင်ရှင်ဖြစ်သူဟာ ဂိမ်းကစားနေသည့်အချိန်၌ပင် တာဝန်များကို မမေ့ဘဲ စာကြိုးစားခဲ့သည့်ကောင်လေးကို နာရီ၂၀တိတိ ဂိမ်းအခမဲ့ကစားရန် ဆုချခဲ့ပါတယ်။ကောင်လေး၏ စာလုပ်နေသော ပုံရိပ်များကို ဆိုင်ရှင်ရာ လိုင်းပေါ်တွင် တင်ခဲ့ပြီးဘူအများက စနောက်ကြကာ အချို့ကလည်း ဒီလိုနေရာမျိုးမှာ စာကြိုးစားနိုင်သောကြောင့် ချီးကျူးကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment