




Shoon (Cele Daily)

Unicode

လမ်းတွင်ကားပျက်နေသော အမျိုးသမီးကို ၉ကီလိုမီတာဝေးသော အိမ်အထိ ၂နာရီကြာအောင် ကားတွန်းပြီး လိုက်ပို့ပေးခဲ့သည့် ကောင်လေး၃ဦး

မြန်မာနိုင်ငံတွင် တစ်ဦး၏အခက်အခဲကို တစ်ဦးကဝိုင်းဝန်းကူညီပေးကြသည်မှာ ထူးဆန်းသောအရာတစ်ခုမဟုတ်တော့ပေ။မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသားတိုင်းသည် သူတစ်ပါးအား ကူညီပေးချင်သော ဆန္ဒများသည် အသွေးအသားထဲတွင် အမြဲစီးဆင်းနေပေသည်။

ဥရောပတိုက်တွင်တော့ တစ်ဦးကိုတစ်ဦးကူညီရန်မှာ အနည်းငယ်တွန့်ဆုတ်နေတတ်ကြသည်။သို့သော် အချို့သူများသည်လည်း ကူညီပေးတတ်ကြပေသည်။ယခုတွင်လည်း ကနေဒါနိုင်ငံ ဖွန်ဟေးလ်တွင် လူငယ်လေး၃ဦးသည် ညအချိန်တွင် ဒုက္ခရောက်နေသော အမျိုးသမီးတစ်ဦးကို လေးစားဖွယ်ကောင်းအောင် ကူညီခဲ့ကြပါတယ်။

အမျိုးသမီးသည် ညအချိန်တွင် ကားပျက်ကာ အိမ်ပြန်ရန်အခက်အခဲဖြစ်နေခဲ့သောကြောင့် လူငယ်လေး၃ဦးဟာ အိမ်အထိကို ကားတွန်းပြီး လိုက်ပို့ပေးခဲ့ကြပါတယ်။

အမျိုးသမီး၏အိမ်ဟာ ကားပျက်နေသောနေရာနှင့် ၉ကီလိုမိတာခန့်ဝေးကွားလှပြီး ကောင်လေးတွေဟာ အိမ်အထိရောက်ရှိစေရန် ၂နာရီခန့်ကြာအောင် တွန်းပို့ပေးခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment