စာဖတ်သူတို့အနေဖြင့်လည်း တစ်ခါတစ်ရံတွင် ဈေးဆိုင်များတွင် ဝယ်ယူစားသောက်ပြီးမှ တောင်းခံလာသော ဈေးနှုန်းများကြောင့် မျက်လုံးပြူးသွားရသည့်အဖြစ်မျိုး ကြုံဖူးလိမ့်ပေမည်။
Shoon (Cele Daily)
Unicode
မျက်ခုံးမွေးရိတ်ခအနေဖြင့် ၅ဒေါ်လာတောင်းခံသည်ကို ပေးဆောင်ခြင်းမရှိသော ဖောက်သည်ကို ဆိုင်ဝန်ထမ်းများမှ ဝိုင်းဝန်းရိုက်နှက်
စာဖတ်သူတို့အနေဖြင့်လည်း တစ်ခါတစ်ရံတွင် စျေးဆိုင်များတွင် ဝယ်ယူစားသောက်ပြီးမှ တောင်းခံလာသော စျေးနှုန်းများကြောင့် မျက်လုံးပြူးသွားရသည့်အဖြစ်မျိုး ကြုံဖူးလိမ့်ပေမည်။
သို့သော်လည်း တောင်းခံလာသော ကျသင့်ငွေကို အသာတကြည်ဖြင့် ပေးဆောင်ခဲ့ကြရသည်ပင်ဖြစ်ပါသည်။
အမေရိကန်နိုင်ငံ နယူးယောက်မြို့တွင် ကျသင့်ငွေတောင်းခံမှုကြောင့် အလှပြင်ဆိုင်တစ်ခုတွင် ပွဲအတော်လေး ကြမ်းသွားခဲ့ရပါတယ်။
အလှပြင်ဆိုင်သို့ အမျိုးသမီးတစ်ဦးဟာ မျက်ခုံးမွေးပြင်ရန်အတွက် ရောက်ရှိလာခဲ့ပါတယ်။ထို့အခါ ဆိုင်ဝန်ထမ်းကလည်း မျက်ခုံးမွေးများကို ရိတ်ပြစ်ခဲ့ပြီး ကျသင့်ငွေ၅ဒေါ်လာတောင်းခံခဲ့ပါတယ်။
ထို့ကြောင့် အမျိုးသမီးဟာ မကျေမနပ်ဖြစ်ပြီး ၅ဒေါ်လာကို မပေးဆောင်နိုင်ကြောင်းပြောရာမှ စကားများခဲ့ကြပါတယ်။ဆိုင်ဝန်ထမ်းများဟာ ထိုအမျိုးသမီးကို ဝိုင်းဝန်ရိုက်နှက်ခဲ့ကြပြီး ရဲများက လာရောက်ဖြေရှင်းခဲ့ရပါတယ်။
Shoon (Cele Daily)