Shoon (Cele Daily)
Unicode
မိုးများသည်းထန်စွာ ရွာသွန်းသောကြောင့် ဘုရားကျောင်းတစ်ခုလုံးကို ရေများလွှမ်းမိုးနေသော်လည်း မင်္ဂလာပွဲကို ရေထဲတွင် ဆက်လတ်ကျင်းပခဲ့သည့် စုံတွဲ
မင်္ဂလာပွဲလေးသည် ချစ်သူစုံတွဲတိုင်းအတွက် ဘဝတွင် မမေ့နိုင်သော အချိန်အခိုက်အတန့်လေးပင်ဖြစ်သည်။ထိုမင်္ဂလာပွဲချိန်လေးတွင် အမှတ်တရဖြစ်စေရန် စုံတွဲအချို့သည် အများနှင့်မတူဘဲ တစ်ခုခုကို ပြုလုပ်တတ်ကြသည်။
ယခုတွင် ဖိလစ်ပိုင်နိုင်ငံမှ စုံတွဲတစ်တွဲသည် အမှတ်တရဖြစ်စေရန်အတွက် ကိုယ်တိုင်ဖန်တီးယူစရာမလိုဘဲ သဘာဝတရားကြီးက ဖန်တီးပေးခဲ့ပါတယ်။
ဖိလစ်ပိုင်မှ စုံတွဲတစ်တွဲ မင်္ဂလာဆောင်မည့်နေ့စဥ် မိုးများသည်းထန်စွာရွာသွန်းနေသောကြောင့် မင်္ဂဆောင်ရန် ရည်ရွယ်ထားသော ဘုရားကျောင်းတစ်ခုလုံးသည် ရေများဖုံးလွှမ်းသွားခဲ့ပါတယ်။
သို့သော်လည် သတိုးသားနှင့် သတိုးသမီးတို့သည် မင်္ဂလာပွဲကို ဖျက်သိမ်းခြင်းမရှ်ိဘဲ ရေထဲတွင်ပင် လမ်းလျောက်ကာ မင်္ဂလာပွဲကို အပြုံးမပျက်ဘဲ ကျင်းပခဲ့ကြပါတယ်။မိုးရေအခက်အခဲများကြားထဲမှ ချစ်သူစုံတွဲလေးဟာ ပျော်ရွှင်စွာနဒ့ပင် မင်္ဂလာပွဲလေးကို အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။
Shoon (Cele Daily)
  • Leave a Comment