Shoon (Cele Daily)
Unicode
Muy orgulloso de este volcán de ideas que tengo la suerte de tener como mujer😊😊
Hoy ha explicado el cuerpo humano a sus alumnos de una manera muy original👍🏻
Y los niños flipando🤣🤣
Grande Verónica!!!👏🏻👏🏻😍😍 pic.twitter.com/hAwqyuujzs— Michael (@mikemoratinos) December 16, 2019
တပည့်ဖြစ်သူများကို ခန္ဓာကိုယ်အစိတ်အပိုင်များ၏ တည်ဆောက်ပုံကို အမှန်တကယ်နားလည်စွာဖြင့် စိတ်ပါဝင်စားမှုရှိစေရန် ဝတ်စုံဖန်တီးပြီး ပညာသင်ကြားပေးခဲ့သည့်ဆရာမ
ကလေးသူငယ်များအတွက် အသိပညာနှင့် အတတ်ပညာတို့သည် အလွန်အရေးပါလှပြီး လူငယ်တို့၏ ဘဝအတွက် အခြေခံအုတ်မြစ်တစ်ခုပင်ဖြစ်ပေသည်။
ကလေးငယ်တို့သည် စာပေသင်ကြားရာတွင် စိတ်ဝင်စားမှုမရှိဘဲ ဆော့ကစားရန်သာ တွေးတောနေတတ်ကြသည်။ကလေးငယ်တို့သည် ဘဝအကြောင်းကို မသိရှိသေးသည့်အတွက် မည်သည့်အရာကို ဂရုစိုက်သင်ကြားရမည်ကို မသိရှိကြသေးပေ။
ထို့ကြောင့် ကလေးငယ်တို့ကို ငယ်စဥ်ကတည်းကပင် အသိပညာများတိုပွားလာစေရန်အတွက် ဆရာမတစ်ဦးသည် ဝတ်စုံတစ်ခုကို ဖန်တီးခဲ့ပါသည်။ဆရာမသည် လူတို့၏ ခန္ဓာကိုယ်တည်ဆောက်ပုံအကြောင်းကို အမှန်တကယ်သိနားလည်စေရန်အတွက် လူ၏ အတွင်းခန္ဓာကိုယ်ပုံဝတ်စုံကို ဝတ်ဆင်ကာ သင်ကြားခဲ့သည်။
ဆရာမဖြစ်သူ၏ တီထွင်ဖန်တီးမှုသည် အမှန်တကယ် ထိရောက်မှုရှိခဲ့ပြီး ကလေးတို့သည် စိတ်ဝင်စားစွာဖြင့် သေချာလေ့လာကြပြီး ဆရာမအတွက်လည်း သင်ကြားပြသပေးရန် အမှန်တကယ် လွယ်ကူခဲ့သည်ဟု ဆိုသည်။
Shoon (Cele Daily)