Shoon (Cele Daily)
Unicode
အချစ်ဆိုသောအရာတွင် အသက်အရွယ်သည် ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်းကို မင်္ဂလာပွဲလေးနှင့် သက်သေပြခဲ့သည့် အသက်၁၀၈နှစ်အရွယ်အဖိုးနှင့် အသက်၁၀၃နှစ်အရွယ်အဖွား
အချစ်ဆိုသောအရာသည် မမြင်တွေ့နိုင်သော ဒြပ်မဲ့အရာတစ်ခုဖြစ်သော်လည်း လူတိုင်းအတွက် ကင်းကွာစွာနေထိုင်ရန် မဖြစ်နိုင်သော အရာပင်ဖြစ်သည်။အချို့လူများသည် အချစ်ကို အသက်အရွယ်ဆိုသော အကြောင်းပြချက်တစ်ခုကြောင့် နောက်ဆုတ်ကာ အရှုံးပေးခဲ့ကြသူများလည်းရှိပေသည်။
သို့သော် စုံတွဲတစ်တွဲကတော့ အချစ်အတွက် အသက်အရွယ်သည်အရေးမကြီးကြောင်းကို လက်တွေ့ပြသခဲ့ကြသည်။သူတို့နှစ်ဦးစလုံးသည် အသက်၁၀၀ကျော်နေပြီဖြစ်ပြီး ယခုမှသာ ပျော်ရွှင်ဖွယ် အချစ်ခရီးလေးကို စတင်ကြတော့မည်ဖြစ်သည်။
အသက်၁၀၈နှစ်အရွယ်အဖိုးနှင့် အသက်၁၀၃နှစ်အရွယ်အဖွားတို့သည် ယခုအခါတွင် မင်္ဂလာပွဲကို ခမ်းနားစွာကျင်းပခဲ့ကြပြီး အချစ်ခရီးလေးကို ဆယ်ကျော်သက် လူငယ်လေးများသဖွာ် ပျော်ပျော်ရွင်ရွင်ဖြင့် ခရီးဆက်နေကြပြီဖြစ်ပေသည်။
Shoon (Cele Daily)