



Shoon (Cele Daily)

Unicode

မီးတောင်ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသော ချော်ရည်များဖြင့် မနက်စာအတွက် ကြက်ဥနှင့်အသားများကို ချက်ပြုတ်စားသောက်ပြခဲ့သည့် အမျိုးသား

အိုက်စလန်နိုင်ငံမှ မီးတောင်တစ်ခုဟာ နှစ်ပေါင်း၈၀၀အတွင်း၌ ပထမဆုံးသောအကြိမ်အဖြစ် မီးတောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။မီးတောင်ဟာ ငလျင်လှုပ်ခပ်မှုကြောင့် ချော်ရည်များဆူပွတ်လာကာ မီးတောင်ပေါက်ကွဲမှုကို ပြန်လည်ဖြစ်ပေါ်စေခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့် မီးတောင်မှ ချော်ရည်များဟာ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်အထိ ဖြစ့ပွားသွားခဲ့ပါတယ်။ပုံမှန်ဆိုလျှင် ပူပြင်းလှသော မီးတောင်ချော်ရည်များကို လူအများက ကြောက်ရွံပြီးအနားမကပ်ရဲ့ပဲ ရှိကြပါသည်။

သို့သော်လည်း အိုက်စလန်နိုင်ငံ အမျိုးသားတစ်ဦးကတော့ ချော်ရည်များဖြင့် မနက်စာပါ ချက်ပြုတ်စားသောက်ပြခဲ့ပါတယ်။ဗီဒီယိုထဲတွင် အမျိုးသားဟာ ခိော်ရည်ပူထဲသို့ ဒယ်အိုးကို ပြစ်ထည့်လိုက်ပြီး ကြက်ဥနှင့် အသားများကိုထည့်ပြီး ချက်ပြုတ်ပြခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment