




Shoon (Cele Daily)

Unicode

အမြန်ရထားပေါ်တွင် တတ်ထိုင်နေသော ကြောင်တစ်ကောင်ကြောင့် အချိန်၃နာရီမျှကြာအောင် ရထားမထွက်ရဘဲ ကြောင်လေးအသက်ကို တန်ဖိုးထားခဲ့

တိုးတတ်နေသော နိုင်ငံကြီးများတွင် ခရီးသွားလာမှုများအတွက် လူတို့သည် အမြန်ရထားများကိုသာ အဓိကပို့ဆောင်ရေးတစ်ခုအနေဖြင့် အသုံးပြုတတ်ကြသည်။အမြန်ရထားများသည်လည်း ခေတ်မီလှသော နည်းပည်များဖြင့် ပြုလုပ်ထားပြီး မိုင်ပေါင်းရာချီသော အကွာအဝေးကိုပင် မိနစ်ပိုင်းအတွင်း ရောက်အောင် သွားနိုင်ကြပေသည်။

အင်္ဂလန်နိုင်ငံ မန်ချက်စတာမြို့မှ အမြန်ရထားတစ်စင်းကတော့ အချိန်တိကျလွန်းလှသော နိုင်ငံတွင်ပင် အချိန်၃နာရီလောက်ကို အလကားဖြစ်သွားစေခဲ့သည်။

အကြောင်းမှ ဘူတာရုံမှ ထွက်ခွာမည့်အမြန်ရထားပေါ်တွင် ကြောင်တစ်ကောင်ရှိနေသောကြောင့်ဖြစ်သည်။

အမြန်ရထားပေါ်သို့ ကြောင်ရှိနေသည့်အချိန်တွင် ရထားထွက်ပါက ကြောင်အတွက် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် ကြောင်လေးအား စာနာပေးခဲ့ခြင်းဖြစ်သည်။အင်္ဂလန်နိုင်ငံ၏ တိရိစ္ဆာန်တစ်ကောင်၏ အသက်ကို တန်ဖိုးထားမှုသည် အလွန်ပင် လေးစားဖွယ်ကောင်းလှသည်။

Shoon (Cele Daily)

  • Leave a Comment