




Shoon (Cele Daily)

Unicode

ရည်းစားလိုချင်သူများအနေဖြင့် ဘတ်စ်ကားသွားစီးသင့်သည့် အတွဲ၂၃တွဲကို ရည်စားရှာဖွေပေးထားသည့် ဘတ်စ်ကားတစ်စီး

ယခုအကြောင်းအရာလေးဟာ ရည်စားမရှိသေးသူများနှင့် ရည်စားရှာမရဖြစ်နေသူများကို အားတတ်ဖွယ်ဖြစ်စေမှာ အမှန်ပင်ဖြစ်ပါတယ်။တရုပ်နိုင်ငံမှ ဘတ်စ်ကားတစ်စီးဟာ အမှန်တကယ်ပင် ချစ်သူရည်းစားမရှိသူများကို ရည်းစားရှာဖွေပေးနေပြီဖြစ်ပါတယ်။

ထိုဘတ်စ်ကားကြောင့် ရည်းစားဖြစ်သွားသည့် စုံတွဲပေါင်းဟာ ၂၃တွဲအထိပင် ရှိနေခဲ့ပြီဖြစ်ပါတယ်။ဘတ်စ်ကားဒရိုင်ဘာဟာ ကားပေါ်တွင် ရည်စားရှာဖွေရေးအတွက် ကိုယ်ရေးရာဇဝင်ရေးသားနိုင်ရန် ပြုလုပ်ပေးထားခဲ့ပါတယ်။

ဘတ်စ်ကားလာစီးသူများဟာ အချက်အလတ်များကို ပြည့်စုံစွာရေးထည့်ရပြီး ဝါသနာတူ အကြိုက်တူသူများကို ရှာဖွေဆက်သွယ်နိုင်ရန် ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါတယ်။

ထို့ကြောင့် လူပေါင်းများစွာဟာ ရည်စားများရသွားကြပြီး ဒရိုက်ဘာကို ကျေးဇူးတင်သည့်အနေဖြင့် လက်ဆောင်ပစ္စည်းများကို အမြဲတမ်း လာရောက် ပေးဆောင်တတ်ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment