




Shoon (Cele Daily)

Unicode

အပူချိန် အနုတ်45ဒီဂရီဆဲလ်စီယပ်သာရှိသော ရာသီဥတုကို အန်တုနိုင်ရန် နွားမများအားလုံးအတွက် သိုးမွေး ဘရာစီယာ ချုပ်ပေးခဲ့သည့် လယ်သမား

ရုရှားနိုင်ငံသည် ဆောင်းရာသီအခါ၌ အာရှဒေသများကဲသို့မဟုတ်ဘဲ အလွန်အေးချမ်းကာ နှင်းများအတိ ဖုံးလွှမ်းသွားအောင် အေးခဲသွားတတ်ပေသည်။

အပူချိန် အနုတ်၄၅ဒီဂရီအထိ အေးခဲသွားတတ်ပြီး လူတို့အတွက် ကျန်းမာရေးထိခိုက်နိုင်သော အခြေအနေပင်ဖြစ်သည်။လူတို့အတွက်ပင် အလွန်အေးခဲနေလျှင် တိရိစ္ဆာန်များအတွက် အလွန်အန္တရာယ်များလှသော ရာသီဥတုပင်ဖြစ်ပေသည်။

ထို့ကြောင့် လယ်သမားတစ်ဦးဟာ သူ၏ နွားမများကို ရာသီဥတုကြောင့် နို့များအေးခဲသွားမှုမဖြစ်စေရန်အတွက် ဘရာစီယာ များပြုလုပ် ဝတ်ဆင်ပေးခဲ့ပါတယ်။လယ်သမား၏ ပြောကြားချက်များအရ နွားမများဟာ မိသားစု၏ဝင်ငွေကို ရှာဖွေပေးသူများ ဖြစ်သောကြောင့် ဂရုစိုက်ပေးရမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

လယ်သမား၏ ထိုသို့ လုပ်ဆောင်မှုများကြောင့် နွားမများဟာ နို့အထွက်လျော့နည်းသွားခြင်းမရှိဘူးဟုသိရပါတယ်။

Shoon (Cele Daily)

  • Leave a Comment