



Shoon (Cele Daily)

Unicode

စပါးများရိတ်သိမ်းပြီးနောက်တွင် ကောက်ရိုးများဖြင့် အနုပညာလက်ရာများ ဖန်တီးခဲ့သောအမျိုးသား နိုင်ငံတကာ အနုပညာ လက်ရာပြပွဲတွင် ဂုဏ်ပြုခံခဲ့ရ

ကမ္ဘာပေါ်တွင် ရိုးရာအလိုက် မတူညီသော ပျော်ပွဲရွင်ပွဲများစွာရှိကြပြီး နိုင်ငံတိုင်းတွင် အနုပညာလက်ရာများစွာ ထွန်းကားတည်ရှိနေပေသည်။ဂျပန်နိုင်ငံမှ လယ်သမားတစ်ဦးဖန်တီးထားသော အနုပညာလက်ရာများမှာ အလွန်သေသပ်ကောင်းမွန်လှသောကြောင့်နိုင်ငံတကာကပင် ချီးကျူးဂုဏ်ပြုခဲ့ရပါတယ်။

ထိုလယ်သမားဟာ စပါးများရိတ်သိမ်းရာမှ ရရှိလာသော ကောက်ရိုးများဖြင့် များစွာသော အနုပညာလက်ရာပေါင်းစုံကို ဖန်တီးပြီး ပြပွဲသဖွယ် ပြသခဲ့ခြင်းဖြစ်ပါတယ်။ထိုလယ်သမားဟာ တစ်ဦးတည်းဖြင့် ပြုလုပ်ဖန်တီးခဲ့ခြင်းမျိုးတော့မဟုတ်ဘဲ အနုပညာကျောင်းမှ ကျောင်းသားများဖြင့် ပူပေါင်းကာ ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။

သူတို့ဖန်တီးထားသော လက်ရာများမှာ အလွန်လှပသေသပ်လှသောကြောင့် နိုင်ငံတကာ အနုပညာပြပွဲတွင်ပင် ဂုဏ်ပြုဆုချီးမြှင့်ခံခဲ့ကြရပါတယ်။

Shoon (Cele Daily)

  • Leave a Comment