



Shoon (Cele Daily)

Unicode

အဝလွန်နေသည်ဟုဆိုကာ လှောင်ပြောင်ပြီး ထားခဲ့သည့် ရည်းစားဟောင်းကို ခန္ဓာကိုယ်မှ အဆီများဖြင့် ဆပ်ပြာပြုလုပ်ပြီး လက်ဆောင်ပေးကာ လက်စားချေခဲ့သူ

လူသားတိုင်းတွင် အလှအပကိုယ်စီရှိကြပြီး တစ်ပါးသူအား စွဲဆောင်မှုရှိသော ပင်ကိုယ်အလှတရားကို သဘာဝက လက်ဆောင်အနေဖြင့် ပေးထားပြီးဖြစ်ပေသည်။သို့သော် လူသားတိုင်းတွင် ပါရှိလာသော အားနည်းချက်များကိုမူ ကဲ့ရဲ့လှောင်ပြောင်ခြင်းမပြုဘဲ ဆက်ဆံသင့်ပေသည်။

ယခုတွင်လည်း တရုပ်နိုင်ငံမှ အမျိုးသမီးတစ်ဦးသည် အဝလွန်နေသည်ဟုဆိုကာ ချစ်သူ၏ လှောင်ပြောင်ခြင်းကို ခံခဲ့ရသည်။ထို့အပြင် ကောင်လေးဟာ ကောင်မလေးကို နှိမ်ချပြောဆိုပြီး ကဲ့ရဲ့ကာ လမ်းခွဲထားရစ်ခဲ့သေးသည်။

ထို့ကြောင့် ကောင်မလေးဟာ အဆီပိုများကို ခွဲစိတ်ဖယ်ရှားပြီး လှပသော ကောင်မလေးတစ်ဦးဖြစ်လာအောင် ပြောင်းလဲခဲ့သည်။ထို့နောက် ရရှိလာသော အဆီပိုများကို ဆပ်ပြာတစ်တုံးရရှိအောင် ပြုလုပ်ပြီး ရည်စားဟောင်းအား လက်ဆောင်ပေးကာ လှလှပပ ကလဲ့စားချေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment