




Shoon (Cele Daily)

Unicode

ခက်ခဲကြမ်းတမ်းလှသော ဘဝကြီးတွင် ပင်လယ်ပြင်ထဲ၌ ရေကူးရင်းဖြင့် ရေခဲချောင်းရောင်းကာ ဝင်ငွေရှာဖွေပြီး ဘဝကိုဖြတ်သန်းနေရသူ

လူသားတိုင်းသည် ဘဝရှင်သန်နေထိုင်ရေးအတွက် အလုပ်လုပ်ကာ စီးပွားရှာပြီး ကြိုးစားလုပ်ကိုင်နေကြရသည်။လူသားတို့သည် အလုပ်များကို လုပ်ကိုင်နေကြရပြီး ဘဝ၏ ကံတရားအခြေအနေကြောင့်ပင် သက်သာစွာ လုပ်ကိုင်နေရသူနှင့် ခက်ခဲကြမ်းတမ်းစွာ လုပ်ကိုင်နိုင်ရသူဟူ၍ ကွာခြားမှု ရှိနေပေသည်။

ယခုတွင်လည်း အမျိုးသားတစ်ဦး၏ ကြိုးစားရုန်းကန်နေရမှုသည် အခြားသူများထက်ပင် များစွာ ပင်ပန်းဆင်းရဲလှပေသည်။ထိုအမျိုးသားသည် မိသားစု၏ စားဝတ်နေရေး သားသမီးတို့၏ ဘဝရှေ့ရေးအတွက် ကြုံရအလုပ်ကို အဆင်ပြေစွာ လုပ်ကိုင်နေကြရသည်။

ထိုအမျိုးသားသည် ပင်လယ်ပြင်ကြီးထဲတွင် ရေးကူးပြီး ရေခဲချောင်းပုံးကိုထမ်းကာ ပင်လယ်ထဲသို့ ရွက်လွှင့်လာသူများအား ရေခဲချောင်းရောင်းကာ စီးပွားရှာနေရသည်။

ထိုအကြောင်းလေးကို ပင်လယ်သို့ အလည်သွားလာသူ တစ်ဦးမှ လိုင်းပေါ်တင်ရာမှ သိရှိခဲ့ရခြင်းဖြစ်ပြီး လူအများက စိတ်မကောင်းဖြစ်ခဲ့ကြရသည်။

Shoon (Cele Daily)

  • Leave a Comment