



Shoon (Cele Daily)

Unicode

အသက်၉နှစ်အရွယ်ဖြင့် လိုင်းပေါ်တွင် ပိုက်ဆံများကို သန်းနှင့်ချီပြီး ကြွားဝါပြနေသော ဘီလျံနာ သူဌေးမလေး လူအများ၏ အမုန်းကိုခံနေရ

ယခုတွင် အသက်၉နှစ်အရွယ်ဖြင့် ချမ်သားကြွယ်ဝလွန်းလှသော သူဌေးမလေးရဲ့ အမည်ကတော့ Lil Tay လို့သိရပါတယ်။သူမဟာ အခြားကလေးများကဲ့သို့ အလုပ်လုပ်ပြီး ကြွယ်ဝချမ်းသာလာသူတော့ မဟုတ်ပါဘူး။သူမရဲ့ မိဘများ၏ ပိုင်ဆိုင်မှုကြောင့်သာ ကြွယ်ဝချမ်းသာနေခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ကလေးမလေးဟာ ပိုက်ဆံများကို လူမှုမီဒီယာ အကုန်လုံးမှတစ်ဆင့် အသက်အရွယ်နှင့်မလိုက်အောင် ကြွားဝါနေသူဖြစ်ပါတယ်။ကလေးမလေးဟာ ထိုသို့ကြွားဝါမှုများကြောင့် သူမဟာ အလွန်နာမည်ကျော်ကြားလာခဲ့ပြီး instagram တွင်ပင် followerပေါင်း ၂သန်းကျော်သည်အထိပင် ရှိလာခဲ့သည်။

အသက်မှာ ၉နှစ်အရွယ်ပင် ရှိသေးသော်လည်း ပိုက်ဆံများကို ကြွားဝါရာ၌ အခြားလူများကို ပုတ်ခတ်ပြောဆိုတတ်လေ့လည်း ရှိသေးသည်။ထို့ကြောင့် ကလေးမလေးဟာ အများသူ၏ ချစ်ခြင်းကို ရရှိခြင်းမရှိဘဲ အမုန်းကိုသာ ခံနေရသူဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment