




Shoon (Cele Daily)

Unicode

ဇနီးဖြစ်သူ သေဆုံးသွားသည့်နောက်တွင် မင်္ဂလာဆောင်တုန်းက သတိုးသမီးအရန်လုပ်ပေးခဲ့သူနှင့် ပြန်လည်လက်ထပ်ခဲ့သည့် အမျိုးသား

အမျိုးသားတစ်ဦး၏ ဇနီးဖြစ်သူတို့နှင့် မင်္ဂလာပွဲဆောင်စဥ်တုန်းက ဇနီးဖြစ်သူ၏ သူငယ်ချင်းအရင်းဖြစ်သူဟာ သတိုးသမီးအရန်အနေဖြစ်ဖြင့် မင်္ဂလာပွဲလေးကို ပါဝင်ကူညီပေးခဲ့ပါတယ်။လင်မယားနှစ်ဦးလုံးဟာ အပြင်သို့ ထွက်လည်သည့် အခါမျိုးတွင်လည်း သူငယ်ချင်းကောင်မလေးကို အမြဲခေါ်သွားလေ့ရှိပါတယ်။

တစ်ရက်တွင် အမျိုးသား၏ ဇနီးဖြစ်သူဟာ ခေါင်းကိုက်ဝေဒနာကို ခံစားခဲ့ရပြီးနောက်တွင် ရောဂါအား အကြိမ်ကြိမ်ခွဲစိတ်ခဲ့သော်လည်း အောင်မြင်စွာ ကုသနိုင်စွမ်းမရှိဘဲ သေဆုံးသွားခဲ့ရပါတယ်။

ထို့ကြောင့် အမျိုးသားဖြစ်သူဟာ ကျန်ရှိနေခဲ့သော ကလေးများကို ပြုစုစောင့်ရှောက်ပေးရန်ဟုဆိုကာ ဇနီး၏ သူငယ်ချင်းဖြစ်သူ သတိုးသမီးအရန်လုပ်ပေးခဲ့သူနှင့် လက်ထပ်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

အစပိုင်းတွင် ပတ်ဝန်းကျင်က အမျိုးမျိုးဝေဖန်ခဲ့ကြသော်လည်း ဇနီးသည်သေဆုံးပြီး တစ်နှစ်အကြာမှာတော့ အမှန်တကယ် လက်ထပ်ခဲ့ကြပါတယ်။

Shoon (Cele Daily)

  • Leave a Comment