




Shoon (Cele Daily)

Unicode

အွန်လိုင်းမှတစ်ဆင့် ကလေးငယ်များကို တစ်ဦး ဒေါ်လာ၁၃၀၀ဖြင့်ရောင်းချနေသော အသက်၂၈နှစ်အရွယ်အမျိုးသားကို ဖမ်းဆီးရမိ

လူသားတိုင်းသည် ဘဝလောကထဲတွင် အမျိုးမျိုးရုန်းကန်လှုပ်ရှားနေရပြီး ရှင်သန်နေထိုင်နေကြရသည်။လူတိုင်းသည် အသက်ရှင်နေထိုင်းနိုင်ရေးနှင့် စိတ်၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းနိုင်ရန်အတွက် အလုပ်များကို ကြိုးစားလုပ်ကိုင်နေကြရသည်။

သို့သော် အချို့လူသားများသည် လောကတွင် အလွယ်လိုက်ပြီး ညစ်ပတ်စုတ်ပြတ်လှသော နည်းလမ်းများဖြင့် စီးပွာရှာဖွေကာ လုပ်ကိုင်တန်ကြသည်။ယခုတွင်လည်း အင်ဒိုနီးရှားနိုင်ငံမှ အသက်၂၈နှစ်သာ ရှိသေးသော အမျိုးသားတစ်ဦးသည် ကလေးငယ်များကို ဖမ်းဆီးပြီး စီးပွားရှာဖွေနေခဲ့သည်။

ထိုအမျိုးသားသည် ကလေးငယ်များကို လိုင်းပေါ်မှတစ်ဆင့် တစ်ဦးလျှင် ဒေါ်လာ၁၃၀၀နှုန်းဖြင့် ကြိုက်နှစ်သက်သူကို ဝယ်ယူနိုင်ကြောင်း ရောင်းချပြီး ဝင်ငွေရှာခဲ့သည်။

ရဲများကလည်း အကြောင်းစုံကို စုံစမ်းပြီး နောက်တွင် အမျိုးသားကို ဖမ်းဆီးရမိခဲ့သည်။အမျိုးသားသည် တစ်ဦးတည်း ရောင်းချနေခြင်းမဟုတ်ဘဲ ၃ဦးပေါင်းကာ လုပ်ကိုင်နေခြင်းဖြစ်ပြီး အသက်၂၂နှစ်အရွယ် ကောင်မလေးတစ်ဦးကိုလာ်း ဖမ်းမိခဲ့ပြီး တစ်ဦးကို လွတ်မြောက်သွားခဲ့သည်ဟု သိရသည်။

Shoon (Cele Daily)

  • Leave a Comment