



Shoon (Cele Daily)

Unicode

အသက်၉နှစ်အရွယ် ကလေးငယ်က ကျားပေါက်လေးတစ်ကောင်ကို ကြိုးဆွဲပြီး ထွက်လည်ခဲ့သည့်အတွက် တစ်မြို့လုံးဂယက်ရိုက်ခဲ့သည့်အဖြစ်

တရုပ်နိုင်ငံfujianပြည်နယ်မှ အသက်၉နှစ်အရွယ် ကလေးငယ်လေးတစ်ဦးဟာ ကျားပေါက်လေးတစ်ကောင်ကို ခေါ်ပြီး အပြင်သို့ ထွက်လည်လာခဲ့ပါတယ်။ကျားပေါက်လေးဟာ ၃လသားအရွယ်သာ ရှိသေးသော်လည်း မြို့တွင်းရှိ လူများအားလုံးဟာ ထိတ်လန့်ပြီး စိုးရိမ်နေခဲ့ကြပါတယ်။

ထို့ကြောင့် မြို့တွင်းမှ တာဝန်ရှိလူကြီးများဟာလည်း ကျားပေါက်လေးနှင့် ကလေးငယ်ကို စုံစမ်းမှုများကို ပြုလုပ်လာခဲ့ကြပါတယ်။ထို့နောက်တွင်တော့ ကလေးငယ် တိရိစ္ဆာန်ဥယျာဥ်မှ တာဝန်ရှိသူတစ်ဦး၏ သမီးဖြစ်နေခဲ့ရပါတယ်။

သူတို့မိသားစုလေးဟာ ကျားငယ်လေးကို နို့များတိုက်ကျွေးပြီး ပြုစုစောင့်ရှောက်ပေးခဲ့ခြင်းဖြစ်ကြောင်း သိလာခဲ့ရပါတယ်။ကလေးငယ်၏ မိသားစုနှင့်မူ ရင်နှီးစွာဖြင့် ကျားကလေးကို ချစ်ခင်ကြသော်လည်း အခြားသူများအတွက် အလွန်ထိတ်လန့်ပြီး တစ်မြို့လုံးကို ဂယက်ထသွားစေခဲ့ပါတယ်။

Shoon (Cele Daily)

  • Leave a Comment