




Shoon (Cele Daily)

Unicode

စာမေးပွဲခန်းထဲမှ ကျောင်းသားလေး၏ စာဖြေနေစဥ် အမူအရာများကြောင့် လူအများ၏ အချစ်တွေကို သိမ်းပိုက်ရရှိခဲ့သည့်ကောင်လေး

လူသားတိုင်းသည် စာမေးပွဲဆိုသော အရာကို ကြုံတွေ့ကြရသည်။ကလေးအရွယ်များအတွက် စားမေးပွဲဖြေဆိုခြင်းသည် မရှိလာစေချင်သော အရာပင်ဖြစ်သည်။စာဖတ်သူတိုင်းသည်လည်း ကျောင်းသား ကျောင်းသူဘဝ စာမေးပွဲဖြေဆိုချိန်လေးကို သတိရမိကြမည်မှာ အမှန်ပင်ဖြစ်ပေသည်။

ယခုတွင်လည်း ထိုင်းနိုင်ငံမှ ကျောင်းသားလေးတစ်ဦး၏ စာဖြေခန်းထဲမှ အမူအရာများသည် လူသားတိုင်းကို ကျောင်းသားဘဝ ပြန်လည် အမှတ်ရစေခဲ့ပါတယ်။

ကျောင်းသားလေးဟာ စာဖြေနေစဥ်အတွင်းမှာ စာများမမေ့ရန် ဆုတောင်းနေသည်လား သို့မဟုတ် စာမေးပွဲအောင်စေမည့် ဂါထာများကို ရွတ်ဖတ်နေသည်လားဆိုသည်မှာ ကျောင်းသားလေးပင် သိနိုင်ပါလိမ့်မည်။

ထိုအမူအရာများကို စာမေးပွဲအခန်းစောင့်သော ဆရာတစ်ဦးမှ ရိုက်ကူးထားခဲ့ပြီး လိုင်းပေါ်တင်ရာမှ ကြည့်ရှု့သူများကို ကျောင်းသားလေး၏ အမူအရာများကို သဘောကျပြီး အချစ်ပိုစေခဲ့ရပါတယ်။

Shoon (Cele Daily)

  • Leave a Comment