





Shoon (Cele Daily)

Unicode

တစ်ခါမျှ မင်္ဂလာဆောင်ဓာတ်ပုံ ရိုက်ကူးဖူးခြင်းမရှိသေးသည့် အသက်၆၃နှစ်အရွယ်မိခင်မုဆိုးမကြီးကို သတိုးသားနေရာမှပါဝင်၍ ဓာတ်ပုံရိုက်ပေးခဲ့သည့် သမီး

မင်္ဂလာပွဲဆိုသည်မှာ အချစ်တစ်ခု၏ ဘဝအစတွင် အရေးပါဆုံးသော အခိုက်အတန့်အချိန်အခါလေးပင် ဖြစ်ပေသည်။အချို့လူအများစုသည် ကြမ်းတမ်းခက်ထန်လှသော ဘဝကြောင့် မင်္ဂလာပွဲကို အိမ်မက်ပင် မမက်ခဲ့ကြရာပင် ဘဝတစ်ခုကို ထူထောင်ထားကြရသည်။

ယခုတွင်လည်း တရုပ်နိုင်ငံမှ အသက်၆၃နှစ်အရွယ်မိခင်ကြီးတစ်ဦးသည် ဘဝကို ခက်ခဲပင်ပန်းစွာဖြင့် ဖြတ်သန်းခဲ့ရပြီး သမီးကို အရွယ်ရောက်လာအောင် ပြုစုပျိုးထောင်ပေးခဲ့သည်။

မိခင်ဖြစ်သူသည် မင်္ဂလာဆောင် ဓာတ်ပုံပင်ရိုက်ကူးနိုင်ခြင်းမရှိဘဲ ခက်ခဲသော ဘဝကို ရုန်းကန်ခဲ့ကြရသည်။

ထို့ကြောင့် သမီးဖြစ်သူဟာ မိန်းကလေးတိုင်းအတွက် မင်္ဂလာပွဲသည် အိမ်မက်တစ်ခုဖြစ်ကြောင်း ကိုယ်ချင်းစာခဲ့သည်။

ထို့နောက်တွင် မိခင်ဖြစ်သူအား မင်္ဂလာဆောင်ဓာတ်ပုံကို ရိုက်ကူးစေပြီး သူမကိုယ်တိုင်က သတိုးသားနေရာမှနေ၍ မိခင်ဖြစ်သူအား ကူညီပေးခဲ့ခြင်းဖြစ်ပါတယ်။

Shoon (Cele Daily)

  • Leave a Comment