Shoon (Cele Daily)
Unicode
မင်္ဂလာပွဲလေးတွင် အများနှင့်မတူဘဲ အထူးခြားဆုံးဖြစ်စေရန်အတွက် မင်္ဂလာပွဲဝတ်စုံက်ု လဲလှယ်ဝတ်ဆင်ခဲ့ကြသည့် စုံတွဲ
အချစ်စစ်နှင့်ချစ်ကြသော ချစ်သူစုံတွဲတိုင်းအတွက် မင်္ဂလာပွဲနေ့လေးသည် အလွန်အရေးပါလှသော မှတ်တိုင်တစ်ခုပင်ဖြစ်ပေသည်။မင်္ဂလာပွဲနေ့တွင် ချစ်သူနှစ်ဦးတို့သည် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ကတိသစ္စာပြုရင်းဖြင့် လင်မယားအဖြစ်သို့ ရောက်ရှိကြရသည်။
ထို့ကြောင့် မင်္ဂလာပွဲလေးကို အထူးခြားဆုံးနှင့် အမှတ်ရဆုံးဖြစ်နေရန်အတွက် နည်းအမျိုးမျိုးကြိုးစားကာ လက်ထပ်ပွဲကို ကျင်းပကြပေသည်။
ယခုတွင်လည်း တရုပ်နိုင်ငံမှ စုံတွဲ၏ လုပ်ရပ်သည် အမှန်တကယ်ပင် အထူးခြားဆုံးဖြစ်သွားခဲ့သည်။သူတို့နှစ်ဦးသည် သတိုးသားဝတ်စုံနှင့် သတိုးသမီးဝတ်စုံတို့ကို လဲလှယ်၍ ဝတ်ဆင်ခဲ့ကြသည်။
စုံတွဲနှစ်ဦးသည် မင်္ဂလာပွဲလေးအတွက် ဝတ်ဆုံများကို လဲလှယ်ဝတ်ဆင်နိုင်ရန် စက်ချုပ်ဆိုင်တွင် သေချာစွာ ချုပ်လုပ်ပြီး ကြိုတင်ပြင်ဆင်ခဲ့ကြသည်။မင်္ဂလာပွဲနေ့တွင်တော့ ပွဲလာလူအများကို သဘောကျနှစ်ခြိုက်စေခဲ့ပြီး သူတို့နှစ်ဦးအတွက် အမှန်တကယ်ပင် အမှတ်တရဖြစ်စေခဲ့ပါတယ်။
Shoon (Cele Daily)